ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ လုပ်စရာတွေ အများကြီးရှိနေဟု နော်ဝေဘုရင် ပြော

ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ လုပ်စရာတွေ အများကြီးရှိနေဟု နော်ဝေဘုရင် ပြော
by -
မဇ္စျိမ

မြန်မာနိုင်ငံသို့ လေးရက်တာ အလည်လာခဲ့သည့် နော်ဝေဘုရင်က ဒီမိုကရေစီနိုင်ငံ အပြည့်အဝ ဖြစ်လာနိုင်ရေး အတွက် ဆောင်ရွက်စရာများစွာ ရှိသေးကြောင်း မဇ္စျိမကို ဖြေကြားခဲ့သည်။

 နော်ဝေနိုင်ငံ ပဥ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရား ဆွန်ယာတို့သည် ဒီဇင်ဘာလ ၁ ရက် ညနေပိုင်းက နေပြည်တော်၊ နိုင်ငံတော် ဧည့်ဂေဟာရှိ Park Royal တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်။ (ဓာတ်ပုံ- စိုးသန်းလင်း၊ မဇ္စျိမ)

“မြန်မာနိုင်ငံဟာ ကျွန်တော်တို့ ကူညီနေတဲ့ အဓိကနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်၊ လက်ရှိအခြေအနေ အရ ဒီမိုကရေစီနိုင်ငံ အပြည့်အဝ မဖြစ်သေးခင်မှာ ခင်ဗျားတို ့လုပ်စရာတွေ အများကြီးရှိနေပါတယ်” ဟု နော်ဝေနိုင်ငံ ပဥ္စမမြောက် ဟာရယ်ဘုရင်က နေပြည်တော်သို့ ယနေ့ ရာက်ရှိစဉ် Park Royal ဟိုတယ်၌ မဇ္စျိမကို ဖြေကြားခဲ့သည်။

၎င်းက Park Royal ဟိုတယ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ ့ဆုံအပြီး မီဒီယာနှင့် တွေ့ဆုံစဉ် ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး စီးပွားရေး အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲရေး မှာ နော်ဝေနိုင်ငံနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တောနှင့် မွေးမြူရေး စသည့် ကဏ္ဍများတွင် ကဏ္ဍပေါင်း မည်မျှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားနိုင်သနည်းဆိုသည့် အပေါ်တွင် မူတည်နေပြီး နော်ဝေနိုင်ငံသည် အဆိုပါ ကဏ္ဍများတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း နော်ဝေ ဘုရင်က ပြောခဲ့သည်။