ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပုဒ်မ ၄၃၆ ကို ပြင်ဆင်သင့်ပြီး ခြောက်ပွင့်ဆိုင် တွေ့ဆုံခြင်းသည် တစ်ကြိမ်တည်း မပြုလုပ်သင့်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မီဒီယာအချို့နှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြား လိုက်သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်သင့်တယ်။ ၅၉ (စ)ကတော့ လွှတ်တော်ရဲ့သဘောပဲ” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၎င်းတစ်ဦးတည်း၏ အမြင်ကို ပြောသည်။
ပြည်ထောင်စုလွှတ်တော်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ခြင်းအတွက် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနိုင်ရန် အရေးကြီးအဆို တစ်ရပ် တင်သွင်းခဲ့ခြင်းအပေါ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “တွေ့သင့်ပါတယ်။ တွေ့သင့်တယ်ဆိုရင် ခေါင်းဆောင်ကြီးပဲ တွေ့လို့မရဘူး။ ခေါင်းဆောင်တွေက အာဏာ ရှင်တွေမှ မဟုတ်ဘဲ။ ငါတို့က ဒီလိုသဘောတူခဲ့တယ်။ ပါတီက ဒီလိုပဲ လိုက်လုပ်ရမယ်လို့ ပြောလို့မရဘူး” ဟု ပြောကြားခဲ့သည်။
ခြောက်ပွင့်ဆိုင် တွေ့ဆုံရာတွင် အကြိမ်ကြိမ် တွေ့ဆုံရန်လိုအပ်ပြီး အခြားခေါင်းဆောင်အချင်း ချင်း ပြန်လည်ရှင်းပြရန် လိုအပ်သကဲ့သို့ ပါတီဝင်များနှင့် အဖွဲ့အစည်းများကို ပြန်လည်ရှင်းပြကာ ညှိနှိုင်းမှု များပြုလုပ်သင့်သည်ဟု ၎င်းက ပြောသည်။
ပုဒ်မ ၄၃၆ အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မများကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ရ၅ ရာ ခိုင်နှုန်းကျော်က ပြင်ဆင်ရန် ထောက်ခံ သဘောတူမှသာ ပြင်ဆင်ခွင့် ရှိသည်။