အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးရန် မန္တလေးတိုင်း ဒေသကြီး၊ တောင်ငူမြို့တွင် ဆန္ဒပြ တောင်းဆို ခဲ့သည့် တက္ကသိုလ် ကျောင်း သား ၆ ဦးကို ခွင့်ပြုချက် မရှိ ဆန္ဒပြမှု ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ထားသည်ဟု တောင်ငူခရိုင် ဗ.က.သ များ အဖွဲ့ချုပ်မှ ပြန်ကြားရေး တာဝန်ခံ ကိုအောင်ထက် က မဇ္စျိမကို ပြောသည်။
နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုးကာ ပြည်ထောင်စု လွှတ်တော်တွင် ပြဌာန်းခဲ့သည့် အမျိုးသား ပညာရေး ဥပဒေကိုကျောင်းသားများ တောင်းဆိုထားသည့် အချက်များ ဖြည့်စွက် ပြင်ဆင်ပေးရန် နိုဝင်ဘာ ၂၉ ရက် တွင် တောင်ငူမြို့၌ တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၅၀ ကျော်က သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရှိ ဆန္ဒပြမှု ငြိမ်းစုစီ ပုဒ် ၁၈ ဖြင့် တောင်ငူမြို့ အမှတ် ၂ ရဲစခန်းမှ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
“တောင်ငူ ခရိုင်က ကျောင်းသား ၂ ဦးနဲ့ အခြား ခရိုင်တွေက ကျောင်းသား လေးဦး ကို တရားစွဲထား ပါတယ်”ဟု ကိုအောင်ထက် ကပြောသည်။ ဆန္ဒပြတောင်း ဆိုခဲ့သူ ၅၀ ကျော်တွင် တောင်ငူခရိုင်မှ တက္ကသိုလ် ကျောင်း သူ ကျောင်းသား ၁၀ ဦးကျော် ပါ၀င်ခဲ့ပြီး ကျန် ၃၀ ကျော်မှာ အခြားခရိုင် များရှိ ကျောင်းသားများ က လာရောက် ပူးပေါင်းကာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ဆန္ဒပြသူ များမှာ တောင်ငူခရိုင်မှ ကိုအောင်ထက်နှင့် ကိုအောင်ကိုခန့်၊ ရန်ကုန်တိုင်းမှ ကိုမင်းသွေး သစ်၊ မြောင်းမြ မြို့နယ်မှ ကိုမြတ်သူ၊ မိတ္ထီလာ ခရိုင် မှကိုအောင်နေပိုင်နှင့် မအူပင်မှ ကိုမင်းမင်းဇော် တို့ ခြောက်ဦး ဖြစ်သည်။
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးရန် ကျောင်းသားများက ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း များတွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ် ခဲ့ကြပြီး အခြား သော ခရိုင်များတွင် ဆက်တိုက် လှုပ်ရှားမှုများ ပြုလုပ် သွားမည်ဟု မြောင်းမြို့နယ် ဗ.က.သ များ အဖွဲ့ချုပ်မှ ကိုမြတ်သူက ဆိုသည်။
ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု ပြဌားန်းခဲ့သည့် အမျိုးသား ပညာရေး ဥပဒေကို သဘောမတူ မှုများ ကန့်ကွက်မှုများ ရှိနေသည်ကို သိရှိ သော်လည်း ဥပဒေကို ပြင်ဆင် ဖြည့်စွက် လိုသည်များ ရှိပါက ဥပဒေ နည်းလမ်း များနှင့် အညီ ပြင်ဆင် ဖြည့် စွက်ရန် လိုအပ်သည့်တွေ့ဆုံ ဆွေးနွေး ပွဲများကို ပြုလုပ်ရ မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကြီး တစ်ခုလုံးကို ပြုပြင် ပြောင်းလဲရန်မှာ စဉ်ဆက်မပြတ် ဆောင်ရွက် သွားရမည့် ကိစ္စ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကပြောကြား ထားသည်။