ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ခြောက်ပွင့်ဆိုင် ဆွေးနွေးရေး ပြည်ထောင်စု လွှတ်တော် အတည်ပြု

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ခြောက်ပွင့်ဆိုင် ဆွေးနွေးရေး ပြည်ထောင်စု လွှတ်တော် အတည်ပြု
by -
မဇ္စျိမ

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံ့အရေးများကို တွေ့ဆုံဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး ဖြစ်သည့် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့ ပါဝင်မည့် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို စောလျင်စွာတွေ့ဆုံရန် အရေးကြီးအဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် အမှတ် ၁၀ ကိုယ်စားလှယ် ဦးမြင့်ထွန်းက ယနေ့ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က ထောက်ခံကာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းသော်လည်း စနစ်ကျသော အချိန် Time Frame ပါဝင်ခဲ့ခြင်း မရှိပေ။

Parliament-10

ဘာလို့ ခြောက်ပွင့်ဆိုင်

အဆိုရှင် ဦးမြင့်ထွန်းက ၁၄ ပွင့်ဆိုင် တွေ့ဆုံမှုသည် လူဦးရေများပြားသဖြင့် အရေးကြီးသည့် Key Players (အဓိကကျသည့် ပုဂ်္ဂိုလ်များ) ပထမဦးစွာ တွေ့ဆုံဆွေးနွေးခြင်းသည် ထိရောက်လျင်မြန်မည်ဟု ယူဆသဖြင့် ယခု ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို တင်သွင်းခြင်းဖြစ်သည်ဟု လွှတ်တော်အပြီးတွင် ပြောကြားသည်။

အသက် ၆၄ နှစ်အရွယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက “တိုင်းပြည်မှာ အန်ကယ်တို့ ငယ်ငယ်ကတည်းက အခုလိုတွေ့ဆုံ ဆွေးနွေးတာတွေမရှိလို့ အခုလို တဒိန်းဒိန်းပစ်နေကြတာ” ဟု ပြောကြားသည်။

၎င်းက တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များထဲမှ တစ်ဦးသာပါ၀င်သည့် အတွက် ကျန်လွှတ်တော် ပြင်ပ ပါတီများ၊ တိုင်းရင်းသား လက်နတ်ကိုင် အဖွဲ့အစည်းများကို အဆိုပါပုဂ်္ဂိုလ်ကပင် ပြန်လည်ရှင်း လင်းပြ ရန် လိုအပ်မည်ဟု ပြောကြားသည်။

၎င်းက “ဒီတိုင်းရင်းသားက လူကြီး တွေနဲ့တွေ့၊ ဆွေးနွေး၊ ကျန်တဲ့တိုင်းရင်းသား တွေကို ပြန်ရှင်းပြ၊ အဲဒီ လို တဖြည်းဖြည်းချင်းသွားရပါမယ်” ဟု ဆိုသည်။

ခြောက်ပွင့်ဆိုင်သည် ဖွဲ့စည်းပုံပေါ် သက်ရောက်နိုင်ခြောက်ပွင့်ဆိုင်ဆွေးနွေးမည့် ပုဂိ်္ဂုလ် ခြောက်ဦးသည် ယနေ့ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမှုပြီးဆုံးထားသည့်ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲသည့် အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်ဟုလည်း အဆိုရှင် ဦးမြင့်ထွန်းက ပြောသည်။

၎င်းက “ပါတယ်၊ ပါတယ်၊ လူကြီး ခြောက်ယောက်က သက်သက်ဆွေးနွေး၊ မူကြမ်းရေးတဲ့သူတွေက သက်သက်ဆွေးနွေးပေမယ့် သက်ရောက်မှု ရှိမယ်” ဟု ပြောကြားသည်။

၎င်းက ခြောက်ပွင့်ဆိုင်က လူကြီးများ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးမူ ကြမ်းရေးဆွဲမည့်သူများ ပူးပေါင်းလိုက်ပါက Result (ရလဒ်) ကောင်းများ ထွက်မည်ဟုလည်း မှတ်ချက်ပြုသည်။

တိုးတက်မှုလို့မြင်တဲ့ ဒေါ်အောင်ဆန်း စုကြည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက်္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ခြောက်ပွင့်ဆိုင်တွေ့ဆုံ ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခြင်းကို တိုးတက်မှုဟု ယူဆကြောင်း လွှတ်တော်အပြီးတွင် သတင်းထောက်များကိုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က “အန်တီ အနေနဲ့ ငြင်းပယ်စရာအကြောင်း ဘာမှမရှိပါဘူး။ ဒါတိုးတက်မှုလို့ပဲ ဒီ လိုမြင်တယ်။ ဘာပဲပြောပြော ဒီိကိစ္စမှာလွှတ်တော်က သဘောတူညီနိုင်တယ်ဆိုတာ ကောင်းတာပေါ့” ဟု ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်က သမ္မတအိမ်တော်တွင် ကျင်းပခဲ့သည့် ပုဂိ်္ဂုလ် ၁၄ ဦးပါ ငါးပွင့်ဆိုင် ဆွေးနွေးပွဲအစား လေးပွင့်ဆိုင် သာကိုင်စွဲသည်ဟု ပြောကြားထားသော်လည်း ယခုခြောက်ပွင့် ဆိုင်ဆွေး နွေးပွဲကိုလည်း ငြင်းပယ်စရာမရှိဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုရှင်ဦးမြင့်ထွန်းက ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ ကိုယ်တိုင်က လက်ခံ ခြင်း၊ အရည်အချင်းများစွာရှိခြင်း စသည့် အချက်ပေါင်းများစွာကြောင့် ပါတီများထဲမှတစ်ဦးတည်း ရွေးချယ် ခြင်းဖြစ် သည်ဟု ဆိုသည်။

ကိုယ်စားပြုမှုအခက်အခဲရှိမလား

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက ယခင်ငါးပွင့်ဆိုင်ဟုခေါ်သော လူပုဂ္ဂိုလ် ၁၄ ဦး တွေ့ဆုံမှုသည် အဖွဲ့ကို ကိုယ်စားပြု၍ တက်ရောက်ခြင်းဖြစ်သော်လည်း ကိုယ်စားပြုတစ်ယောက်စီသာ တက် ရောက်ခွင့်ရ သည့်အတွက် ကိုယ်စားပြုမှုအခက်အခဲရှိနိုင်သည်ဟု သုံးသပ်သည်။

၎င်းက “တိုင်းရင်းသားထဲက ရွေးရင်လက်နတ်ကိုင်ထဲက ရွေးမလား၊ လွှတ်တော် ပြင်ပက ရွေးမလား၊ လွှတ်တော်ထဲက ရွေးမလား။ ကိုယ်စားပြုမှုအခက်အခဲ ရှိနိုင်ပါတယ်” ဟု ဆိုသည်။

ယင်းခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော်များမှ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦး သာရွေးချယ်မည်ဆိုသော်လည်း အခက်အခဲ ရှိမည်မဟုတ်ဟု တိုင်းရင်းသားကိုယ် စားလှယ်များက ပြောကြားသည်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက “အခုအဆိုကို ထောက်ခံပါတယ်။ တိုင်း ရင်းသားတစ် ယောက်ရွေးရ တာလည်း သိပ်ခက်မယ်မထင်ပါဘူး” ဟု ပြောသည်။

သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကမူ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက တိုင်းရင်းသား ကိုယ်စားလှယ်များကို ဖိတ်ကြားကာ လွှတ်တော်ကိုယ်စားလှယ်၊ သို့မဟုတ် ပါတီခေါင်းဆောင်ထဲမှ မည်သို့ရွေးချယ်မည်ကို မေးမည် ထင်သည်ဟု ပြောသည်။

စစ်မှန်တဲ့ တွေ့ဆုံမှုဖြစ်ဖို့ လိုတယ်

ပြီးခဲ့သည့်အောက်တိုဘာ ၃၁ ရက်က သမ္မတအိမ်တော်တွင်တွေ့ဆုံစဉ်က ပါဝင်ခဲ့သူအချို့ကမူ မည်ကဲ့သို့သော တွေ့ဆုံဆွေးနွေးမှုမျိုးကိုမဆို တိုင်းပြည်အတွက်ဆိုပါက လက်ခံသော်လည်း စစ်မှန်သည့်တွေ့ဆုံ မှု မျိုးဖြစ်ရန်လိုသည်ဟု သတိပေးသည်။

အဆိုပါ ငါးပွင့်ဆိုင်တွင် ပါ၀င်ခဲ့သူ ဖယ်ဒရယ်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့မှ ဦးခင်မောင်ဆွေက “တစ်ဦး တစ်ယောက် အတွက်ဆိုရင် အဆင်ပြေဘူး၊ နိုင်ငံအတွက်ဆိုရင်တော့ ထောက်ခံပါတယ်” ဟု ပြော ကြား သည်။

ပြည်ထောင်စုလွှတ်တော်က ယခု ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲကျင်းပရန် ဆုံးဖြတ်ခြင်းသည် သမ္မတက လေးပွင့်ဆိုင် တွေ့ဆုံရန် ငြင်းဆိုမှု ကို ခြောက်ပွင့်ဆိုင်ဖြင့် ထပ်မံကြိုးပမ်းခြင်းဖြစ်မည်ဟု ယူဆကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

ဖက်ဒရယ်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့သည် ၁၁ ပါတီပါဝင်သော အဖွဲ့ဖြစ်ပြီး ကရင်ပါတီ နှစ်ပါတီ၊ ချင်းပါတီ တစ်ပါတီ စုစုပေါင်း သုံးပါတီပါ၀င်ပြီး ကျန်ပါတီများမှာ ပြည်မမှ ဖြစ်သည်။

ခြောက်ပွင့်ဆိုင်နဲ့ အပြီးအပြတ်ဖြစ်မလား

ငါးပွင့်ဆိုင်တွင်ပါဝင်ခဲ့သူ ကျားခေါင်း ပါတီဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ ပါတီတွဲဖက်အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ခြောက်ပွင့် ဆိုင်ဖြစ်စေကာမူ မည်သည့်တွေ့ ဆုံဆွေးနွေးမှုမျိုးကိုမဆို ၎င်းတို့ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ ပြဿနာမရှိကြောင်း ပြောကြားသည်။

၎င်းက “တစ်ခုရှိတာက ခြောက်ပွင့်ဆိုင်နဲ့တင် နိုင်ငံရေးပြဿနာတွေ အပြီးအပြတ် ဖြစ်မလား” ဟု မေးခွန်း ထုတ်လိုက်သည်။

တိုင်းရင်းသားပါတီ ရှစ်ပါတီဖြင့် ဖွဲ့စည်းထားသည့် တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော် လည်း လက်ရှိတွင် လွှတ်တော်ပြင်ပပါတီများအဖြစ် ရပ်တည်နေကြခြင်းဖြစ်သည်။

အဆိုရှင် ဦးမြင့်ထွန်းကမူ လူများများတွေ့ပါက တွေ့ဆုံချိန်နည်းပါးခြင်း၊ များစွာညှိနှိုင်းရခြင်းများ စသည် တို့ကြောင့် အလုပ်မဖြစ်နိုင်ဟု သုံးသပ်သဖြင့် ယခုကဲ့သို့ ခြောက်ပွင့်ဆိုင်တင်ခြင်းဟု ဆိုသည်။

“အရေးကြီးတဲ့သူတွေ မြန်မြန်တွေ့၊ များများတွေ့၊ ပြီးရင် သူတို့ကတစ်ဆင့် ပြည်သူကို ချပြရင်နားလည် သွားမှာပါ” ဟု ပြောကြားခဲ့ သည်။ ခြောက်ပွင့်ဆိုင်တွင် ပါဝင်ရန် အဆိုပြုခံထားရသူ သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့သည်လည်း စဉ်းစားနိုင်လိမ့်မည် ဟု ဦးမြင့်ထွန်းက ပြောသည်။