စစ်တပ်ပစ် သတ်မှုကြောင့် သေဆုံးခဲ့သည့် အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး အလောင်း ဆေးစစ်ချက် အသေးစိတ်ကို ရက်ပိုင်းအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးစစ်မြိုင်က နိုဝင်ဘာ ၁၆ ရက်တွင် ပြောသည်။
ကော်မရှင်က စစ်ဆေးရန် တောင်းဆိုထားသည့် အလောင်းဆေးစစ်ချက် အသေးစိတ်ကို ကျန်းမာရေးဝန် ကြီးဌာနက ပေးပို့ခဲ့ခြင်းဖြစ်ပြီး ရက်ပိုင်းအတွင်း ကြေညာသွားမည် ဖြစ်သည်။
ကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးစစ်မြိုင်က “ဆေးစစ်ချက်မှာ သေနတ်ဒဏ်ရာငါးချက် ထိထားတယ်လို့ ပါပါတယ်။ အသေးစိတ်ကို တစ်ရက် နှစ်ရက်နေရင် ထုတ်ပြောမှာပါ” ဟု ပြောသည်။
ကိုပါကြီးအလောင်းအား မြှုပ်ထားသည့်နေရာမှ တူးဖော် ကာမော်လမြိုင် ဆေးရုံကြီးတွင် စစ်ဆေးရာ တွင် မေးစေ့ကို အနီးကပ်ပစ် ထားသော သေနတ်ဒဏ်ရာ တစ်ချက် ရင်ဘတ်၊ နောက်ကျောတွင် တစ်ချက်၊ ပေါင်တွင် နှစ်ချက် စုစုပေါင်း သေနတ်ဒဏ်ရာ ငါးချက် တွေ့ရှိသည်ဟု စစ်ဆေးခဲ့သည့် မှုခင်းဆိုင်ရာ ဆရာဝန်များ နိုဝင်ဘာ ၆ ရက်တွင် ပြောဆိုခဲ့ပြီး အသေးစိတ်ကို ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။
ဇနီးဖြစ်သူ မသန္တာ ကလည်း အလောင်း ဆေးစစ်ချက် အသေး စိတ်ထွက်ရှိ လာပါက ဆေးစစ်ချက် အပေါ် မူ တည်၍ ကိုပါကြီး သေဆုံး မှုအတွက် တရားစွဲမည် ဟု ပြောထားသည်။
စစ်ဆေးချက်များအရ ကိုပါကြီး ကိုင်ဆောင်ထားသည့် မှတ်ပုံတင်သည် အတုဖြစ်နိုင်သည်ဟု ကျိုက်မရော လူဝင်မှုကြီး ကြပ်ရေးမှ ပြောဆို ထားကြောင်းကိုမြို့ နယ်ရဲမှူး ထွက်ဆိုထားသည်ဟုလည်း ဦးစစ်မြိုင်က ဆိုသည်။
ဦးစစ်မြိုင်က “မှတ်ပုံတင်ကို လမ်းမတော်လျှောက်ထားပေမယ့် မင်္ဂလာဒုံဆိုပြီး ရေးထားတယ်။ ဓာတ်ပုံမှာ အသားတံဆိပ် မပါဘူး။ နံပါတ်ကလည်း မိန်းကလေး တစ်ဦး ကိုင်ထားတဲ့ နံပါတ်ဖြစ်နေတယ်” ဟု ပြောသည်။
ယင်းကြောင့် အတည်ပြုရန် လူဝင်မှုကြီးကြပ်ရေးကို အကြောင်းကြားထားသည်ဟု ၎င်းက ဆိုသည်။ ယင်းအပြင် ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက် ၍လည်း မွန်ပြည်နယ် မော်လမြိုင်မြို့ ကျိုက်မရောမြို့နယ် ရဲစ ခန်းတွင် သေမှုသေခင်း (ပ)၁၁/၂၀၁၄ ဖြင့် အမှုဖွင့်ထားသည်။
ကိုပါကြီးသေဆုံး မှုဖြစ်စဉ်များကို စစ်ဆေး၍ သုံးသပ်ချက် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ အမြန်ဆုံး တင်ပြရန် မြန်မာနိုင်ငံ လူ့အခွင့် အရေးကော်မရှင် ကို နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာ ၃၀ ရက်စွဲဖြင့် ညွှန်ကြားထားသည်။