အကြမ်းဖက်မှု ကာကွယ်ရန် ပြည်သူ့အားကို မြန်မာ့ရဲယူမည်

အကြမ်းဖက်မှု ကာကွယ်ရန် ပြည်သူ့အားကို မြန်မာ့ရဲယူမည်
by -
မဇ္စျိမ

နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များဖြစ်သည့် အိုင်အက်စ် (အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့)၊ အယ်လ်ခိုင်ဒါနှင့် အာရ်အက်စ်အို (ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့) တို့၏ အန္တရာယ်မှ ကာကွယ်ရေး ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြိုင်က နိုဝင်ဘာ ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

“အိုင်အက်(စ်)၊ အယ်လ်ခိုင်ဒါမတိုင်မီ ကတည်းက အာရ်အက်စ်အိုရဲ့ အကြမ်းဖက်မှုကို အရင်စိုးရိမ်တာ၊ အဲဒါကို တပ်ဖွဲ့အတွင် ညွှန်ကြားပြီး လုပ်နေရာက အခုလိုကျယ်ပြန့်လာတာ၊ သူတို့စာရင်းကို မကြာခင်မှာ အတည်ပြု ထုတ်ပြန်ပြီးတာနဲ့ ပြည်သူကို အသိပညာပေးမယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်လေဆိပ်အနီး လုံခြံုရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)angon-Air-Port

ထိုသို့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များနှင့် ဆက်စပ်သူဟု ယူဆထားသည့် မြန်မာနိုင်ငံသား အမည်များ မှည့်ခေါ်ထားသူ စုစုပေါင်း ၂၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်သည်။

တောင်ကြီးမြို့တွင် ၂၀ ဦး၊ ရခိုင်ပြည် နယ်အတွင်းသုံးဦး၊ သိန္နီမြို့တွင် လေးဦး ဖမ်းဆီးရမိထားခြင်းဖြစ် သည်။ ဖမ်းမိထားသူ ၂၀ အနက် တောင်ကြီးမြို့နေ ၁၂ ဦး၊ ကွန်ဟိန်းမြို့နယ်နေ တစ်ဦး၊ နေပြည်တော် မှ တစ်ဦး၊ ကျောက်ဆည်မြို့နေ ခြောက်ဦး၊ အမျိုးသား ၁၆ ဦး ၊ အမျိုးသမီး လေးဦး ဖြစ်ပြီး မြန်မာနိုင်ငံသားများ ဖြစ်သည်ဟု ရဲမှူးချုပ်စိုးမြိုင်က အတည်ပြုထားသည်။

၎င်းတို့ကို အရေးပေါ်စီမံမှု အက်ဥပ ဒေ(၅-ည)၊ ပေါက်ကွဲစေတတ်သောပစ္စည်းသုံးစွဲရန် လူထုကိုစည်းရုံးမှု (၅-ဌ)တို့ ဖြင့် တရားစွဲထားသည်။

အကြမ်းဖက်သမားများ၏ အသေးစိတ်စာရင်း ပြည်သူသို့ ထုတ်ပြန်မည့်ရက်ကိုမူ အတည်မပြုသေးဘဲအသိ ပညာပေး လုပ်ငန်းနှင့် တစ်ပြိုင်နက် ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆိုသည်။

ကုလသမဂ္ဂ လုံခြံုရေးကောင်စီကလည်း တစ်ကမ္ဘာလုံးတွင် အိုင်အက်စ်နှင့် ဆက်နွယ်သူ ရ၈၂ ဦးထိ ရှိနေပြီး ယင်းတို့အနက် မြန်မာနိုင်ငံ သားများလည်း ပါ၀င်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

“နယ်စပ်တွေကနေ အကြမ်းဖက်သမားတွေ ၀င်ရောက်နိုင်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ် အပေါက်တွေကို အရင်ထက် လုံခြံုရေးကို ပိုတိုးမြှင့်ထားတယ်။ စိစစ်ရှာဖွေမှုတွေ လုပ်နေတယ်”ဟု ချင်း ပြည်နယ် ရဲတပ်ဖွဲ့မှုး ရဲမှူးကြီးမြင့်လွင်က မဇ္ဈိမကိုပြောသည်။

ထို့ပြင် ပြင်ပမှ ၀င်ရောက်လာမည့် အကြမ်းဖက်သမားများကို တားဆီးခြင်း၊ နိုင်ငံတွင်းမှ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုများ မရှိစေရန်နှင့် အကြမ်းဖက်သင်တန်း တက်ရောက်ရန် ပြည်ပသို့ ထွက်ခွာသူများမရှိစေရန် ရခိုင်အပါအဝင် နယ်စပ်ထွက်ပေါက်များကို အထူးကြပ်မတ်နေသည်ဟု ရဲမှူးချုပ် စိုးမြိုင်က ပြောသည်။

အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းပြီးလေးလကျော် ကြာသည်အထိ အကြမ်းဖက် တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။