တပ်မတော် စစ်ရေယာဉ်တစ်စီး ထိုင်းနှင့် စင်ကာပူသို့ ချစ်ကြည်ရေးခရီး သွားမည်

တပ်မတော် စစ်ရေယာဉ်တစ်စီး ထိုင်းနှင့် စင်ကာပူသို့ ချစ်ကြည်ရေးခရီး သွားမည်
by -
မဇ္စျိမ

တပ်မတော်(ရေ)မှ စစ်ရေယာဉ် တစ်စီးသည် ထိုင်းနှင့် စင်ကာပူ နိုင်ငံသို့ နိုဝင်ဘာ ၁၀ ရက်တွင် ချစ်ကြည်ရေး ခရီးသွားရောက်မည်ဟု  စစ်ဦးစီး အရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်ဆန်းက မဇ္စျိမကို ပြောသည်။

ယင်းခရီးစဉ်ကို တပ်မတော်ရေမှ အဆင့်မြင့်အရာရှိကြီး တစ်ဦး ဦးဆောင်ကာ သွားရောက်မည် ဖြစ်ပြီး လိုက်ပါမည့်သူများနှင့် ခရီးစဉ် အသေးစိတ်ကို နှစ်ရက်အတွင်း ထုတ်ပြန်ကြေငြာပေးမည်ဖြစ်သည်။

ရန်ကုန်မြစ်အတွင်း ဆိုက်ကပ်ရပ်နားထားသည့် တပ်မတော်ရေ စစ်သင်္ဘောများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) ၂၀၁၄ ခုနှစ် ဩဂုတ်လအတွင်း ထိုင်းနိုင်ငံ၌ အာဆီယံရေတပ် ဦးစီးချုပ်များ တွေ့ဆုံပွဲအပြီး စစ်သင်္ဘောများ အပြန်အလှန်သွားလာရန် သဘောတူခဲ့ကြသည်။

တပ်မတော် (ရေ) မှ ချစ်ကြည်ရေး ခရီးစဉ် သွားရောက်ခြင်းနှင့် ပတ်သက်ပြီး ဒုတိယ ဗိုလ်မှုးကြီးဟောင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက "ကျွန်တော်သိသလောက်တာ့ တပ်မတော်(ရေ)မှာ ချစ်ကြည်ရေးအဆင့်သွားတဲ့ Cruiser patrol craft ယာဉ်အမျိုးအစားနဲ့ပဲ သွားကြတယ်။ မြန်မာနိုင်ငံမှ အရင်အဲဒါရှိတယ်လို့ မကြားဘူး၊ ကျွန်တော်တာဝန် ထမ်းဆောင် စဉ်တုန်းကတော့ စင်ကာပူကို လွန်းတင်ဖို့ တစ်ခါပဲ သွားဖူးတယ်"ဟု ဆိုသည်။

၂၀၁၄ ခုနှစ် သြဂုတ်လက ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော  ရှစ် ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး၌ မြန်မာ၊ ထိုင်း၊ စင်္ကာပူ ရေတပ်ဦးစီးချုပ်များ တွေ့ဆုံမှုအပြီး နိုင်ငံအချင်းချင်း ချစ်ကြည်ရေး ခရီးစဉ်များ လာရောက်ရန် သဘောတူညီခဲ့ကြသည်။