ယာဉ်ကြောပိတ်ဆို့မှု သုံးလအတွင်းဖြေရှင်းရန် သမ္မတညွှန်ကြားသော်လည်း မသေချာဟု ဝန်ကြီးချုပ်ပြော

ယာဉ်ကြောပိတ်ဆို့မှု သုံးလအတွင်းဖြေရှင်းရန် သမ္မတညွှန်ကြားသော်လည်း မသေချာဟု ဝန်ကြီးချုပ်ပြော
by -
မဇ္စျိမ

ရန်ကုန်မြို့ရှိ ယာဉ်ကြောကြပ်တည်းမှုကို သုံးလအ တွင်းဖြေရှင်းရန် နိုင်ငံတော်သမ္မတက ကြားထားသော်လည်း ဖြေရှင်းဆောင်ရွက်မှု ကြာချိန်ကို အတိအကျသတ်မှတ်နိုင်မည် မဟုတ်ဟု တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက မဇ္ဈိမကို ထုတ်ဖော်ပြောကြားလိုက်သည်။

ထိုသို့ ဖြေရှင်းဆောင်ရွက်ရန် ကဏ္ဍအသီးသီး၏ တိုင်ပင်ဆွေးနွေးမှု ရလဒ်များအပေါ် အခြေပြုဖြေရှင်း သွားမည်ဟု အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ကျင်းပသော အမေရိကန်အမှတ်တံဆိပ် ချက်ဗရိုလက် (CHEVROLET) ကားများကို မြန်မာ ပြည်တစ်ဦးတည်းကိုယ်စားလှယ်တင်သွင်းရောင်းချခွင့်ရရှိလိုက်သော Pacific Alpine Myanmar ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

Road-Blocked

 “အခုအဲဒီအတွက်ပဲဝပ်ရှော့ (အလုပ်ရုံဆွေးနွေးပွဲ)တွေလုပ်နေတယ်။ အဲဒီကအကြံပြုတာတွေကို အကောင်အထည်ဖော်မှာပေါ့။သတ်မှတ်ကာလ မှာဖြစ်အောင်   တော့ အကောင်းဆုံးလုပ် သွားမှာပါ။ ဖြစ်လာတယ် မဖြစ်လာဘူးဆိုတာက ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်အပေါ်မူတည်တော့ အတိ အကျပြောလို့မရဘူး ”ဟု ဝန်ကြီးချုပ်က ပြောသည်။

မြန်မာနိုင်ငံရှိ ကားအရေအတွက်အားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်သည် ရန်ကုန်တစ်မြို့တည်းတွင် စုပြံု နေသဖြင့် ယာဉ်ကြောကြပ်တည်း မှုများဖြစ်နေခြင်း ကို ဖြေရှင်းရန် ဌာနဆိုင်ရာအသီးသီး၊ ကားလုပ်ငန်းရှင်များ နှင့် ပြည် သူများပါ၀င်သော ဖြေရှင်းနည်းလမ်းအကြံပြုချက်ရယူရန် အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက ကုန်သည်/ စက်မှုအသင်းချုပ်ရုံး UMFCCIတွင် ကျင်းပသော အများပြည်သူသွားလာမှု အဆင်ပြေချောမွေ့စေ ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့သေးသည်။

 “လမ်းပိတ်ဆို့မှုတွေကြောင့် စီးပွားရေးရော လူမှုရေးမှာပါ အများကြီး ထိခိုက် မှုတွေရှိတဲ့အတွက် ဒါကို အမြန်ဆုံး ၀ုိင်းဝန်းအကောင်အ ထည်ဖော်ဖို့ နိုင်ငံတော် သမ္မတကလည်း တိုက်တွန်း ထားတယ်။ လူကြီးတွေအနေနဲ့တော့ ဒါကို သုံးလလောက်အတွင်း ဖြေလျှော့ချင်တဲ့ ဆန္ဒရှိတယ်။ တတ်နိုင်တဲ့ ပိုင်းက ကူညီမယ် လို့ပြောတဲ့အတွက် အားရှိပါတယ်”ဟု အဆိုပါပွဲတွင် ဝန်ကြီးချုပ်က ပြောခဲ့သည်။

 ၄င်းဆွေးနွေးပွဲတွင် ကားစီးရေများနေခြင်းကို ဖြေရှင်းရန် လမ်းအကျယ်ပြည့်ဝစွာ အသုံးပြုနိုင်ရန်၊ လိုင်းကားနှင့်တက္ကစီယာဉ်များအတွက်စံနှုန်းစည်းကမ်းများ ၊ အထက်တန်းကျောင်းကြောင့် ယာဉ်ပိတ်ဆို့မှုကို ဖြေရှင်းရန်၊ ရထားစီးနင်းမှုအဆင်ပြေရေ၊ လမ်းဘေးစျေးနှင့်သက်ဆိုင်မှုများ၊ကားတင်သွင်းမှုများ၊ အုပ်ချုပ်ရေး နည်းလမ်း၊ မီးပွိုင့်နှင့် ယာဉ်ထိန်းရဲများဆိုင်ရာ အကြံပြုချက်၊ အရေးမှုဆိုင်ရာ၊ ကာလလတ်နှင့် ကာလရှည် ဆောင်ရွက်ချက်နှင့် အထွေထွေအကြံပြု စသည့်အ ချက်များကို ကဏ္ဍအသီးသီးပါ၀င်သည့် အဖွဲ့၁၁ ဖွဲ့ခွဲကာ ဆွေးနွေး ဆောင်ရွက်ခဲ့သည်။

၎င်းဆွေးနွေးမှု ရလဒ်များကို စုစည်းကာ နိုင်ငံတော်သမ္မထံတင်ပြ၍ အကောင်းဆုံးအချက်များကို အကောင်အ ထည်ဖော်သွားမည်ဟု ဆွေးနွေးပွဲတွင် ၀န်ကြီးချုပ်က ဆိုသည်။

Most read this week