လေးပွင့်ဆိုင်တွေ့ရေးကိုသာ ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားဟု ဒေါ်စုပြော

လေးပွင့်ဆိုင်တွေ့ရေးကိုသာ ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားဟု ဒေါ်စုပြော
by -
မဇ္စျိမ

သမ္မတ၊ ကာ/ချုပ်၊ သူရဦးရွှေမန်းနှင့် မိမိတို ့လေးပွင့်ဆိုင် တွေ့ဆုံနိုင်ရေးကိစ္စကိုသာ မိမိအနေဖြင့် စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၃၁ရက် နံနက်ပိုင်း သမ္မတအိမ်တော်၌ အစိုးရအဖွဲ ့၊ ဥပဒေပြုရေးအဖွဲ့၊ ရွေးကောက်ပွဲကော်မရှင်၊ ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီများ ဟူသည့် ငါးပွင့်ဆိုင် တွေ့ဆုံပွဲအပြီး မီဒီယာများသို့ပြောခဲ့သည်။

“အန်တီတို ့ကတော့ လေးပွင့်ဆိုင်ကိစ္စကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတယ်၊ ခေါင်းဆောင်စွဲ ပါတီစွဲကြောင့်လည်း မဟုတ်ဘူး၊ ဝါဒစွဲကြောင့်လည်း မဟုတ်ဘူး၊ လေးပွင့်ဆိုင်တွေ့ဖို့က လက်တွေ့ကျကျ လိုအပ်မယ်ထင်လို့ပါ” ဟု နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ မီဒီယာများနှင့် တွေဆုံစဉ်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၃၁ရက် နံနက်ပိုင်းက သမ္မတ၊ ဒု-သမ္မတနှစ်ဦး၊ ကာချုပ်၊ ဒု-ကာချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီအချို့မှ ကိုယ်စားပြု ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီအချို့မှ ကိုယ်စားပြု ခေါင်းဆောင်များ စုစုပေါင်း ၁၄ဦးပါဝင် သည့် တွေ့ဆုံပွဲ၌ တစ်ဦးလျှင် ၁၀မိနစ်ခန့်သာ ပြောခွင့်ရခဲ့ပြီး အစည်းအဝေး မတိုင်မီ နှစ်ရက်အလိုက ရရှိခဲ့သည့်

ဖိတ်စာတွင် "ထိပ်တန်းလျို့ဝှက်" ဟု ပါရှိသည့်အတွက် CEC သဘောထားရရှိရန် အစည်းအဝေး မခေါ်နိုင်ခဲ့ခြင်းလည်း ကြံုခဲ့ရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒီတော့ ပြောချင်တိုင်းလည်း ပြောခွင့် မရခဲ့ဘူး၊ ထိပ်တန်းလျှို ့ဝှက် ဆိုတော့လည်း ဘယ်သူနဲ ့မှ (ကြိုတင်) မဆွေးနွေးခဲ့ဘူး၊ CEC ရဲ ့အစီအစဉ်တွေ သဘောထားတွေလည်း ဘာမှ မယူနိုင်ခဲ့ဘူး၊ တစ်ယောက် ၁၀ မိနစ်စီ ပြောပြီးတော့ နောက်ဆုံး အထွေထွေရှိသေးလား ဆိုတာမျိုးကတော့ အန်တီတို ့မြင်တဲ့ လေးပွင့် ဆိုင် ဆွေးနွေးပွဲ ပုံစံမျိုးတော့ မဟုတ်ပါဘူး”ဟုလည်း ပြောခဲ့သည်။

လေးပွင့်ဆိုင်တွေ ့ဆုံခွင့်ရရေးအတွက် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့ပြီး သူရဦးရွှေမန်းကလည်း လေးပွင့်ဆိုင်တွေ ့ဆုံမှု မရှိပါက တစ်ဦးနှင့်တစ်ဦး သံသယများ ဝင်နိုင်ကြောင်း မီဒီယာသို ့ပြောကာ လေးပွင့်ဆိုင်ကိစ္စကို ထောက်ခံခဲ့သည်။

ထိုသို ့တွေ ့ဆုံနိုင်ရေးကို အစိုးအဖွဲ ့၏ ပြောရေးဆိုခွင့်ရှိသူ (ထိုစဉ်က ပြန်ကြားရေး ဒုတိယဝန်ကြီး) ဦးရဲထွဋ်က အကြောင်းအမျိုးမျိုးပြလျက်ရှောင်ရှားခဲ့သည်။

အောက်တိုဘာ ၃၁ရက်တွင် တွေ့ဆုံသည့် တွေ့ဆုံပွဲကိုမူ ဒီမိုကရေစီနည်းလမ်းကျသည်ဟု ပြန်ကြားရေး ၀န်ကြီးက အဆိုပါတွေ့ဆုံပွဲအပြီးတွင် မီဒီယာများကို ပြောခဲ့ပြန်သည်။

“မြန်မာ့နိုင်ငံရေးဟာ အားလုံးပါ၀င်ပတ်သက်တဲ့နိုင်ငံရေးဖြစ်လို ့ဒီလို အင်အားစုကြီးတွေ ပါ၀င်ဆွေးနွေး တာမျိုးကို ပိုလိုလားတယ်၊ ပြုပြင်ပြောင်းလဲရေးနဲ့ ဆက်စပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေး၊ ဒီကိစ္စတွေနဲ ့ပတ်သက်နေတဲ့ အင်အားစု ငါးစုနဲ ့ လုပ်ရတာ၊ ခင်ဗျားတို့ပဲ အမြဲပြောတာ မြန်မာ့နိုင်ငံရေးဖြစ် စဉ်က လူတွေများများပါလေ ကောင်းလေဆို”ဟု ဦးရဲထွဋ်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသကဲ့သို ့လေးပွင့်ဆိုင်တည်းသာတွေ ့ခဲ့ပါကတွေ ့ဆုံပြီးသည့်အခါ ထိုလေးယောက်က ကျန်သူများထံသွားပြီး အမိန့်ပေးကြရမည်၊ ထိုသို ့ Top Down ဖြစ်မည့်အစား Bottom Up ဟုခေါ်သည့် ပါဝင်ပတ်သက်သူအားလုံး တတ်နိုင်သမျှ များများပါအောင် စီစဉ်ရခြင်းဖြစ်သည်ဟုလည်း ပြန်ကြားရေးဝန်ကြီးက ဖြည့်စွက်ပြောသည်။

Most read this week