မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း အလွတ်သတင်းထောက် ကိုပါကြီးကို တပ်မတော်က ဖမ်းဆီးပြီးနောက် သေဆုံးမှုကို အရေးယူပေးရန် ပဲခူးတိုင်း ပြည်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် အောက်တိုဘာ ၂၆ ရက် ညပိုင်းက တရားလွှတ်တော်ရှေ့နေ တစ်ဦးနှင့် လူငယ်တစ်ဦးက ဖယောင်းတိုင်းမီးထွန်း ဆန္ဒပြသည်။
“ကိုပါကြီးကို စစ်အစိုးရက ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ကိစ္စကို သဘောထားဖော်ထုတ်တာပါ။ ပုဒ်မ ၂၀၁ အရ အလောင်းဖျောက်ဖျက်သူကော သတ်တဲ့သူကော ငါတို့သိချင်တယ်။ စုံစမ်းရမယ်။ စစ်ဆေးရမယ်။ ရဲကမဝင်ရဲဘူး” ဟု ဆန္ဒဖော်ထုတ်သူ ဦးမြင့်အေးက ပြောသည်။
“ အာဏာရှင်စနစ်က ယနေ့အချိန်အထိရှိနေဆဲဆိုတာ ကိုပါကြီးကိုသတ်တဲ့အပေါ်မှာ သတ်သေပြလိုက်ခြင်းဖြစ် တယ်” ဟုလည်း ဆန္ဒဖော်ထုတ်သူ ကိုသန့်ဇင်ထက်ကပြောသည်။
ထိုအမှုအတွက် လူသတ်မှု အလောင်းဖျောက်ဖျက်မှု တို့ဖြင့် အရေးယူရမည်ဖြစ်သော်လည်း ရဲတပ်ဖွဲ့က သေ မှုသေခင်းဖြင့်သာ အမှုဖွင့်ထားသည်ဟု ဆန္ဒပြသူများက ပြောသည်။
၂၀၁၃ ခုနှစ်ဧပြီလ၂၃ ရက်ကလည်း ပြည်မြို့ နဝဒေးတံတားအောက်တွင် ချစ်သူစုံတွဲတစ်တွဲကို လုယက်ကာ အမျိုးသားဖြစ်သူ အသတ်ခံရသည့်ဖြစ်စဉ်တွင် စွပ်စွဲခံထားရသည့် တပ်မတော်သားသုံးဦးကိုလည်း ယနေ့တိုင် အရေးယူနိုင်ခြင်းမရှိသေးဟု ၎င်းတို့က ဆိုသည်။