ကားတင်သွင်းမှုမူဝါဒ ပြောင်းလဲပြီးနောက်ပိုင်း ၃၆လ(သုံးနှစ်)အတွင်း အခွန်စုစုပေါင်း ကျပ် ၉၈၅ ဘီလီယံကျော် ကောက်ခံရရှိခဲ့သည်ဟု အကောက်ခွန်ဦးစီးဌာနက အောက်တိုဘာ ၂၄ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာလ ၂၄ ရက်အထိ အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ ယာဉ်စီးရေ ၃၆၇,၈၈၄ စီးကို ကျသင့်ခွန်များ စည်းကြပ်ကောက်ခံခဲ့ပြီးဖြစ်သည်။ အစိုးရမှ အခွန်ဘဏ္ဍာငွေအဖြစ် အကောက်ခွန် ကျပ် ၄၉၆,၅၆၅ ဒသမ ၈၇ သန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၄၈၈,၆၁၈ ဒသမ ၄၉ သန်းကောက်ခံရရှိခဲ့ပြီး စုစုပေါင်း အခွန် ၉၈၅,၁၈၄ ဒသမ ၃၆ သန်းရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ကားများတင်သွင်းရာတွင် လွတ်လပ်စွာဝယ်ယူသူပါမစ်ဖြင့် ၁၈၆၅၆၈ စီးတင်သွင်းခဲ့ပြီး ယာဉ်အိုယာဉ်ဟောင်း အစားထိုးလဲလှယ်ရေး စီမံချက်အတွက် အစီး ၉၄၆၉၀ စီး၊ ကားအရောင်းပြခန်းများအတွက် ၈၀၆၄၄ စီး တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သင်္ဘောသားပါမစ်ဖြင့် ၂၈၁၈ စီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပါမစ်ဖြင့် ၂၈၆ စီး၊ ကုမ္ပဏီပါမစ်ဖြင့် ရ၃၀ စီး၊ ပြည်ပနေအလုပ်လုပ်သူများပါမစ်ဖြင့် ၄၃ စီး၊ ဟိုတယ်/ခရီးဝန်ကြီးဌာနပါမစ်ဖြင့် ၁၉၉၇ စီး၊ စစ်သံအမှုထမ်းပါမစ် ဖြင့် ၁၀၈ စီး တင်သွင်းခွင့်ပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၁၄ခုနှစ် မေ ၂၄ အထိ အကောက်ခွန်ဦးစီးဌာန၏ စာရင်းများအရ ၃၁လတာ ကာလအတွင်း ကားစီးရေ ၂၉၄,၈၄၇ စီး ထုတ်ပေးပြီးဖြစ်ပြီး အခွန်စုစုပေါင်း ကျပ် ၈၃၃ ဒသမ ၁၃ ဘီလီယံ ကောက်ခံရရှိခဲ့ရာ ယခုငါးလ အတွင်း ကျပ် ၁၅၂ ဘီလီယံကျော် ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိအစိုးရလက်ထက်အတွင်း ယာဉ်အို၊ ယာဉ်ဟောင်းဖျက်သိမ်းမှုစီမံချက်အပါအဝင် ကားတင်သွင်းမှု ဆိုင်ရာ မူဝါဒများကို ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် စတင်ပြောင်းလဲခဲ့ပြီး လက်ရှိအချိန်အထိ မူဝါဒအပြောင်း အလဲ ၁၁ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
မူဝါဒအပြောင်းအလဲများကြောင့် ၂၀၁၁ခုနှစ်တွင် သိန်းထောင်ချီတန်ကားများကို ယခုအချိန်တွင် သိန်းရာဂ ဏန်း ဖြင့် ၀ယ်ယူလာနိုင်သော်လည်း ကားစီးရေ များပြားလာမှုနှင့် လျော်ညီမှုရှိသည့် လမ်းအခြေအနေ မရှိခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့ကျပ်တည်းမှုများက ပိုမိုဆိုးရွားလျက်ရှိသည်။
လက်ရှိပြည်တွင်းကားစျေးကွက်တွင်၂၀၁၅ ခုနှစ်၌ တင်သွင်းမည့်ကားများအတွက်အခွန်ကောက်ခံရန်သတ်မှတ် မည့်CIF(စီအိုင်အက်ဖ်) နှုန်းထားမထွက်ရှိသေး ၍ ၁၃၀၀ စီစီနှင့် အောက်ကားများသာ အရောင်း အဝယ်ပုံမှန်ဖြစ်နေသည်။ ၂၀၁၅ စီအိုင်အက်ဖ်နှုန်းထားကို နို၀င်ဘာလအတွင်း ထုတ်ပြန်ပေးမည်ဟု စီးပွားေ ရးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောထားသည်။