ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၆ လပြည့် စေတနာ ဆေးကုခန်း ဖွင့်လှစ်

ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၆ လပြည့် စေတနာ ဆေးကုခန်း ဖွင့်လှစ်
by -
မဇ္စျိမ

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း စေတနာဆေးကုခန်းတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အဓိကထား ကုသပေးမည်ဟု ယင်း စေတနာဆေးကုခန်း အတွင်းရေးမှူး ဦးကျော်ကျာ်က ဆေးခန်းဖွင့်လှစ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း စေတနာဆေးကုခန်းကို လမ်း ၅၀ အလယ်ဘလောက် အိမ်အမှတ် ၁၉၉ တွင် အောက်တိုဘာ ၂၁ ရက်က ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း ၆လ ပြည့် အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

စေတနာဆေးကုခန်း အတွင်းရေးမှူး ဦးကျော်ကျော်က “လောလောဆယ် ဖောင်ဒေးရှင်း အခြေအနေအရ ပထမနဲ့ ဒုတိယ ဦးစားပေးဖြစ်တဲ့ သူတွေကိုသာ ဦးစားပေး ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဦးမှာ ဖြစ်ပါ တယ်။ ဆင်းရဲနွမ်းပါးတဲ့ အများပြည်သူကိုတော့ နောက်ပိုင်းမှာ ဆက်လက်ဆောင်ရွက် ကုသပေးမှာဖြစ်ပါ တယ်”ဟု ပြောသည်။

Han-Thar-Wati-U-Win-Thin-Clinic-Benevolence

စေတနာဆေးကုခန်းတွင် ဆေးကုသမှုပေးမည့် လူနာများကို အုပ်စုသုံးစုခွဲ၍ ဦးစားပေးအဆင့် အလိုက် ဆေးကုသမှု ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ပထမဦးစားပေးမှာ နိုင်ငံရေးအကျဉ်းသားဟောင်း များနှင့် နိုင်ငံရေးသမားဟောင်းများ၏ မိသားစုဝင်များ၊ ဒုတိယ ဦးစားပေးမှာ ဆရာကြီးဦးဝင်းတင် နှင့် ဘဝတူ စာနယ်ဇင်းသမားများနှင့် တတိယ ဦးစားပေးမှာ ဆင်းရဲနွမ်းပါးသူများကို ဦးစားပေးအစီအစဉ်ဖြင့် စောင့်ရှောက်ပေးမည်ဖြစ်သည်။

စေတနာဆေးခန်း ဖွင့်လှစ်ပွဲကို တက်ရောက်လာသည့် ၈၈ မျိုးဆက်နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင် က “ဟံသာဝတီဦးဝင်းတင်လို လူမျိုး လုပ်ချင်တဲ့အလုပ်ကို ထောင်သိန်းသန်းပြည်သူလူထုက တစ်ကျပ်ထည့်ဝင် ရင်လည်း ဒီဖောင်ဒေးရှင်းဖြစ်ဖြစ် မတည်လို့ရပါတယ်”ဟု ပြောသည်။

စေတနာဆေးကုခန်းကို တနင်္လာ၊ အဂါင်္ ၊ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာနေ့များတွင် မနက်ပိုင်းဖွင့်လှစ် မည်ဖြစ်ကာ စနေနေ့တွင် ညနေပိုင်း ဖွင့်လှစ်မည်ဖြစ်သည်။

ထိုဆေးကုသခန်းတွင် ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာဦမြင့်သိန်း၊ ဒေါက်တာဦးတင်စန်းဦး အပါအဝင် ဆရာဝန် ခြောက်ဦးက အလှည့်ကျ ဆေးကုသပေးသွားမည်ဖြစ်သည်။

၂၀၁၄ခုနှစ် ဧပြီလ ၂၁ရက်က ကွယ်လွန်ခဲ့သည့် ဟံသာဝတီဦးဝင်းတင်သည် သတင်းစာ ဆရာကြီးတစ်ဦးြ ဖစ်ပြီး နှစ်ရှည် အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦး ဖြစ်သည့် အပြင် ၁၉၉၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကာ NLD ပါတီကို တည်ထောင်ခဲ့သူ တစ်ဦး လည်းဖြစ် သည်။ ထောင်တွင်းတွင် ၁၉ နှစ်ကျော်နေခဲ့ရ ပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် အင်းစိန် အကျဉ်းထောင်မှပြန်လည် လွတ်မြောက်ခဲ့သူ ဖြစ်သည်။