မဖြူနှင်းထွေးကို ပုဒ်မကြီးတပ် အမိန့်ချရန် ကြိုးစားခြင်းသည် နိုင်ငံပုံရိပ်ကို ဆိုးရွားစေသည်ဟုဆို

မဖြူနှင်းထွေးကို ပုဒ်မကြီးတပ် အမိန့်ချရန် ကြိုးစားခြင်းသည် နိုင်ငံပုံရိပ်ကို ဆိုးရွားစေသည်ဟုဆို
by -
မဇ္စျိမ

ဗကသအဖွဲ့ဝင် ကျောင်းသူ မဖြူနှင်းထွေးကို ပုဒ်မကြီးတပ် အမိန့်ချမှတ်ရန် ကြိုးစားခြင်းသည် နိုင်ငံပုံရိပ်ကို ဆိုးရွားစေသည်ဟု ဆရာကြီး သခင်ကိုယ်တိုင်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်မှ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းဝင်းငြိမ်းက မဇ္စျိမကို ပြောသည်။

မဖြူနှင်းထွေးကို ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးရန် ဆရာကြီး သခင်ကိုယ်တိုင်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က အောက်တိုဘာလ ၉ ရက်က သဘောထား ထုတ်ပြန်ခဲ့သည်။

Ba-Ka-Ta-Phyu-Hnin

“မဖြူနှင်းထွေးကို ကြီးမားတဲ့ ပုဒ်မတွေတပ်လိုက်ခြင်းဖြင့် ထောင်ချဖို့ကြိုးစားတာက လက်ရှိမြန်မာပြည်ရဲ့ သွားနေတဲ့ အခြေအနေကို ဆိုးဆိုးရွားရွား ထိခိုက်လာနိုင်တယ်လို့ ယုံကြည်တဲ့အတွက် ဒီကြေငြာချက်ကို ထုတ်ဖြစ်တာဖြစ်ပါတယ်” ဟု ဦးထွန်းဝင်းငြိမ်းက ပြောသည်။

မဖြူနှင်းထွေးဖမ်းဆီးခံထားရမှုနှင့် ပတ်သက်၍ ဗမနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗဟိုလုပ် ငန်းကော်မတီ) ၏ သဘောထား ထုတ်ပြန်ချက်ကို ထောက်ခံခြင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာကို သက်ဆိုင်သူများပါဝင်ပြီး တရားမျှတပွင့်လင်းစွာ စားပွဲဝိုင်းတွင် ဆွေးနွေးဖြေရှင်း ရန်စသည့် အချက်များကို ထုတ်ပြန်ခဲ့သည်။

Most read this week