လွှတ်တော် တိုက်တွန်းချက် ရ၀ ရာခိုင်နှုန်းသာ ရခိုင်အစိုးရ ဆောင်ရွက်ဟု ဝေဖန်

လွှတ်တော် တိုက်တွန်းချက် ရ၀ ရာခိုင်နှုန်းသာ ရခိုင်အစိုးရ ဆောင်ရွက်ဟု ဝေဖန်
by -
မဇ္စျိမ

ရခိုင်ပြည်နယ် လွှတ်တော်၏ ဆုံးဖြတ်တိုက်တွန်းချက် စုစုပေါင်း၏ ရ၀ ရာခိုင် နှုန်းခန့်ကိုသာ ပြည်နယ်အစိုးရက လက်တွေ့ အကောင်အထည်ဖော်သည်ဟု အမတ်အချို့က ဝေဖန်လိုက်သည်။

ရခိုင်ပြည်နယ် လွှတ်တော်က ပြည်နယ်ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ဦးစားပေး ဆောင်ရွက်ခြင်းမရှိဟု ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် လယ်ယာမြေများသို့ ဒီရေဝင်ရောက်မှုကို ကာကွယ်ရန် ဆည်တာတမံများ ဆောက်လုပ်ပေးရေး၊ လုံခြံုရေးဆိုင်ရာ အကြံပြုချက်များ၊ လမ်းတံတားတည်ဆောက်ရေး စသဖြင့် လွှတ် တော်၏တိုက်တွန်းချက် အများစုကို ပြည်နယ်အစိုးရက လျစ်လျူရှု ထားသည်ဟု အမတ်တို့က ဆိုသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်အတွက် သမ္မတရုံး၏သီးသန့်ခွဲတမ်း ကျပ်သန်းတစ်ရာကျော်ကို ပြည်ထောင်စုက တိုက်ရိုက်စီမံပြီး ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်က စီမံခွင့်မရှိဟု ပြည် နယ်အ စိုးရက ပြောကြားထားသည်။

မြောက်ဦး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှိုင်က “မြောက်ဦးက ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ အဆိုတင်တိုက်တွန်းတယ်။ ဒါပေမဲ့ ဘာကိုမှ ပြုပြင်ထိန်းသိမ်းတာ မရှိဘူး” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးလှဟန်ကမူ “အများစု က ပြည်ထောင်စုအစိုးရက တိုက်ရိုက်ဆုံးဖြတ်တာတွေ များတယ်။ ပြည်နယ် အစိုးရအနေနဲ့ လုပ်တဲ့ဟာ တွေကတော့ လွှတ်တော်ဆုံးဖြတ်ချက်တွေ၊ တိုက်တွန်းချက်တွေကို ဦးစားပေးပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း လမ်းတံတား ဆောက်လုပ်ရေး ကိစ္စရပ်များအတွက် ဘတ်ဂျက်ငွေ ကျပ်တစ်ဆယ့် သုံးသန်းချထားပေးသော်လည်း အခြေခံ ဥပဒေပါ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့် မရှိ၍ ပြည်ထောင်စု အစိုးရထံသို့ ပြန်လည် လွှဲပြောင်းရသည့်ဖြစ်စဉ် ရှိခဲ့ဖူးသည်။

Most read this week