လစာနှင့် ရာထူး ခံစားခွင့်ရမည့် အလုပ်ခြောက်မျိုး အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးတော့မည်

လစာနှင့် ရာထူး ခံစားခွင့်ရမည့် အလုပ်ခြောက်မျိုး အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးတော့မည်
by -
မဇ္စျိမ

လုပ်သားများ လစာနှင့် ရာထူးခံစားခွင့် အာမခံချက်ရရှိရေး အလုပ်အကိုင် ခြောက်မျိုးအတွက် ဦးစွာ အသိ အမှတ်ပြုလက်မှတ် ထုတ်ပေးရန် ဆုံးဖြတ်လိုက်ကြောင်း စစ်ဆေးအကဲဖြတ်ရေးအဖွဲ့ဝင် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ယာယီဥက္ကဋ္ဌ ဦးအောင်လင်းက မဇ္ဈိမကို ပြောသည်။

အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရန် ပန်းရန်၊ လက်သမား၊ ဂဟေဆော်၊ လျှပ်စစ်၊ ပိုက်ဆက်နှင့် အဲကွန်းပြုပြင်ခြင်း လုပ်ငန်းစသည့် ခြောက်မျိုးကို အောက်တို ဘာ ၃ ရက်က အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် အလုပ်သမားနှင့် အလုပ်ရှင်ကိုယ်စားလှယ်များ တွေ့ဆုံစဉ် သတ်မှတ် လိုက်ခြင်းဖြစ်သည် ဟု ၎င်းက ဆိုသည်။

ဦးအောင်လင်းက “ကျွမ်းကျင် လက်မှတ်ထုတ်ပေးဖို့ လုပ်ငန်း ၁၇၅ မျိုး သတ်မှတ်ထားတယ်။ ခြောက်မျိုး သာ အရင်လုပ်မှာပါ။ လက်ရှိမှာ ကျွမ်းကျင်မှု လက်မှတ်ရဖို့ အလုပ်သမားတွေက စာမေးပွဲဝင်ဖြေဖို့ တိုက် တွန်းမှုတွေ စက်ရုံအလိုက် ပြောဖို့ရှိတယ်”ဟု ပြောသည်။

လုပ်သားကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်ရေး အသိအမှတ်ပြုဌာနငါးခုကို စက်တင်ဘာလ ပထမပတ်က ဖွင့် လှစ်ပြီးနောက် အကဲဖြတ်လက်မှတ်ထုတ်ပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန၊ အလုပ်သမား သမဂ္ဂအဖွဲ့ ချုပ်၊ အလုပ်သမားနှင့် အလုပ်ရှင်ကိုယ်စားလှယ်များ ပါ၀င်သည့် စစ်ဆေးအကဲဖြတ်အဖွဲ့က ဆောင်ရွက်မည်။

ယင်းလက်မှတ်ရရှိပါက အလုပ်ရှင်က အလုပ်ခန့်အပ်ရာတွင် ရာထူးအဆင့်နှင့် လျော်ညီသော လုပ်ခ၊လစာ ပေးရလွယ်ကူပြီး ရာထူးခံစားခွင့် ပေးရာတွင်လည်း အထောက်အကူပြုနိုင်မည်ဟု ဦးအောင်လင်းက ဆိုသည်။

ထိုသို့ စိစစ်အကဲဖြတ်မှု ပြုလုပ်ရခြင်းမှာ ၂၀၁၅ ခုနှစ် အလွန်တွင် ဖြစ်လာမည့် အာဆီယံစီးပွားရေး အသိုက်အဝန်း AEC အရ အာဆီယံနိုင်ငံများအချင်းချင်း အလုပ်သမားများ ကူးလူးဆက်ဆံမှုများရှိလာချိန် တွင် နိုင်ငံတကာတန်းတူ အသိအမှတ်ပြု လက်မှတ်များ မြန်မာအလုပ်သမားများတွင် ရှိခြင်းအားဖြင့် အခြားနိုင်ငံမှ အလုပ်သမားများနှင့် တန်းတူအခွင့်အလမ်းများရရှိစေ မည်ဖြစ်သည်။

လုပ်သားကျွမ်းကျင်မှု စစ်ဆေးရေးဌာနက အလုပ်အမျိုးအစား ၁၇၅ မျိုးကို စစ်ဆေးအကဲဖြတ်ပေးမည်ဖြစ် သော်လည်း အောက်တိုဘာမှစ၍ အလုပ်အမျိုးအစား ခြောက်မျိုးကိုသာ အကဲဖြတ်ပြီး ကျန်အမျိုး အစားများ ကို ခြောက်လတစ်ကြိမ် တိုးမြှင့် အကဲဖြတ်ပေးသွားမည်ဖြစ်သည်။

အဆိုပါ အသိအမှတ်ပြုလက်မှတ်ရရှိရန် စာမေးပွဲဖြေဆိုရာတွင် အခမဲ့ဖြေဆို ရမည်ဖြစ်ပြီး လက်မှတ်ရရှိပြီး သူများသည် ခြောက်လတစ်ကြိမ် ပြန်လည်ဖြေဆိုရမည် ဖြစ်သည်။

အလုပ်အမျိုးအစား ခြောက်မျိုးကို အကဲဖြတ်ပေးမည့် အဖွဲ့ငါးဖွဲ့ကို စက်တင်ဘာလ ပထမပတ်က ရန်ကုန်မြို့ရှိ စက်မှုလက်မှု သင်တန်းကျောင်းငါးခု၌ ဖွင့်လှစ်ပေးထားပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် အလုပ်သမားမှတ်ပုံ တင်ထားသူပေါင်း ရ၀၀,၀၀၀ နီးပါးရှိသည် ဟု အလုပ်သမားဝန်ကြီး ဌာနက ၂၀၁၃ ခုနှစ်အတွင်းက ထုတ်ပြန်ထားသည်။

Most read this week