ပြည်သူ့ထောက်ခံမှု ပြည်ခိုင်ဖြိိုး စစ်တမ်းကောက်မည်

ပြည်သူ့ထောက်ခံမှု ပြည်ခိုင်ဖြိိုး စစ်တမ်းကောက်မည်
by -
မဇ္စျိမ

၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြည်သူ့စစ်တမ်းများ ကောက်ခံသွားမည်ဟု ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင် ဦးတင့်ဇော်က စက်တင်ဘာ ၂၂ ရက်တွင် ပြောသည်။

“တိုင်း၊ ပြည်နယ် ဥက္ကဋ္ဌတွေ ဗဟိုကော်မတီဝင်တွေက လုပ်တာပါ။ ၂၀၁၅ အောင်နိုင်ရေးအတွက် ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာကိုတော့ ပါတီက ချမှတ်ထားပြီးသား၊ အဲဒီအတွက် ပြည်သူတွေက ပါတီအပေါ် သဘောထား ကို သိချင်တဲ့အတွက်ပါ။ အခုလို လုပ်တာကတော့ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ လုပ်မယ်ဆိုတာတော့ မရှိပါဘူး” ဟု ဦးတင့်ဇော်က ပြောသည်။

USDP-Party

စက်တင်ဘာ ဒုတိယပတ်မှစတင်၍ ပြည်သူလူထု၏ မဲပေးမှုအခြေအနေ၊ လိုအပ်ချက်၊ ပါတီကိုဆောင် ရွက်ပေးစေလိုသည့်ကိစ္စ၊ ပါတီ၏ လိုအပ်ချက်များကို မေးခွန်းများအဖြစ် ထည့်သွင်းထားသည့် စစ်တမ်းကောက်ယူမည်ဟု ဧရာဝတီတိုင်း၊ ပါတီအတွင်းရေးမှူး ဦးတင်အောင်မြင့်ကဆိုသည်။ “ဒါက ဖိုရမ်က ဆုံးဖြတ်ခဲ့တဲ့အတိုင်း ပါတီက ဆောင်ရွက်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

သြဂုတ်လမှစတင်ကာ တိုင်းနှင့် ပြည်နယ်အနှံ့တွင် အလုပ်သမား၊ တောင်သူ လယ်သမားနှင့် လူငယ်ညီ လာခံများကို ကျင်းပခဲ့ပြီး ယင်းဖိုရမ်များ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။

တိုင်းပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးသာဝင်းကမူ ရန်ကုန်တွင် လုပ်ရန်မရှိသေးဘဲ အခြားသော ပြည်သူ့အကျိုးပြု လုပ်ငန်းများသာ ဆောင်ရွက်နေသည်ဟု ဆိုသည်။

ပါတီက ချမှတ်ထားသည့် အောင်နိုင်ရေးမဟာဗျူဟာအတွင်း လက်ရှိဆောင်ရွက်သည့် စစ်တမ်းကောက်ယူ မှုသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု ပါတီဗဟို ကော်မတီဝင် ဦးတင့်ဇော်က ပြောသည်။

ပြည်ခိုင်ဖြိုးသည် ၂၀၁၀ အထွေထွေ ရွေး ကောက်ပွဲတွင် ကိုယ်စားလှယ်အများ ဆုံးရယူနိုင်ခဲ့သော ပါတီ ဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌မူ တစ်နေရာသာ အနိုင်ရခဲ့သည်။

Most read this week