ဒီကေဘီအေအဖွဲ့နှင့် အရပ်သားတို့ ကားတိုက်မှု ဖြစ်ရာမှ အချင်းများပစ်ခတ်၊ တစ်ဦးသေဆုံး

ဒီကေဘီအေအဖွဲ့နှင့် အရပ်သားတို့ ကားတိုက်မှု ဖြစ်ရာမှ အချင်းများပစ်ခတ်၊ တစ်ဦးသေဆုံး
by -
မဇ္စျိမ

မြဝတီမြို့အတွင်း စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့မှ မောင်းနှင်လာသည့် ယာဉ်တစ်စီးနှင့် အရပ်သားပိုင်ကားတို့ တိုက်မိရာမှ အချင်းများခဲ့ပြီး တစ်ဦး သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် သေနတ်ဖြင့်ပစ်ခတ်သည်မှာ မှန်သော်လည်း ကောလာဟလများထွက်ပေါ်နေသည့် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဟု DKBA အဖွဲ့ မြဝတီဆက်ဆံရေးရုံး တာဝန်ခံဗိုလ်ကြီးစောစိုး မြင့်က ပြောသည်။

ကရင်ပြည်နယ်အစိုးရ၊ နယ်စပ်ရေးရာနှင့် လုံခြံု ရေးဝန်ကြီးရုံးမှ တာဝန်ရှိသူတစ်ဦးက “ဒီသေနတ်ပစ်မှုဖြစ် စဉ်ကတော့ နယ်လုံရုံးကို ရောက်နေပါပြီ။ ဘယ်လို ဆက်လုပ်မယ်ဆိုတာတော့ မသိရသေးပါဘူး” ဟုပြော သည်။

DKBA အဖွဲ့မှ မောင်းနှင်လာသော ယာဉ်တစ်စီးက အရပ်သားပိုင်ကားကို ဝင်တိုက်ခဲ့ရာမှ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်ကြီးစောစိုးမြင့်က အတည်ပြုပြောသည်။ ဖြစ်စဉ်အတွင်း DKBA တပ်ရင်း(၉၁၀)မှ ဗိုလ်လင်းနိုင် သေဆုံးခဲ့ကာ တပ်သားစောစိုင်း ဒဏ်ရာရရှိခဲ့သဖြင့် မြဝတီဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု ၎င်း က ဆိုသည်။

“ကျွန်တော်တို့လူတွေက အရက်သောက်ထားပြီး အပျော်လွန်နေလို့ နှစ်ဖက်စလုံး ညှိလို့အဆင်မပြေ ဖြစ် ပြီး ဒီလိုဖြစ်သွားရတာပါ” ဟု ဗိုလ်ကြီး စောစိုးမြင့် က ပြောသည်။

တပ်မတော်မှ လုံခြုံရေးကားများ ရောက်ရှိလာချိန်တွင်လည်း DKBA အဖွဲ့ကားက ထပ်မံဝင်တိုက်မိသဖြင့် လက်နက်ကိုင်ဆောင်ထားသော နှစ်ဖက်တပ်ဖွဲ့များ အငြင်းပွားရာမှ သေနတ်ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးနိုင်မောင်ဇော် ကပြောသည်။

နံနက် ၂ နာရီခန့်က မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ကြံခင်းလမ်းတွင်အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားအပြီး အရပ်သားများက မြို့တွင်းလုံခြံုရေးယူထားသော နယ်ခြားစောင့်တပ်နှင့် အစိုးရတပ်များအား တိုင်ကြားရာ ယင်းတို့ရောက်ရှိလာစဉ် ပစ်ခတ်မှုဖြစ်ခဲ့သည်ဟုDKBA ဘက်မှ ပြောသည်။

Most read this week