အပစ်ရပ်ပြီးနောက် ပြည်နယ်နှင့်တိုင်းအသီးသီးတို့ကို စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ အတိုက်အခံအင် အားစုများ တောင်းဆိုနေသည့် ကိစ္စရပ်များဖြေရှင်းရေး ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲ ဖော်ဆောင်ရေးမူ ဘောင်ရေးဆွဲရန် တိုက်ရိုက်ဖိတ်ကြားလာပါက အဆင်သင့်ရှိပြီးဖြစ်သည်ဟု NLD မှ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဦးထွန်းထွန်း ဟိန်က မဇ္ဈိမကို ပြောသည်။
“Political Dialogue နဲ့ပတ်သက်ပြီး NLD ကို တိုက်ရိုက်ဖိတ်ခေါ်လာမယ်ဆိုရင် Framework ကိုပြဖို့အ ဆင်သင့်ဖြစ်နေမှာပါ၊ အခုက NLD ကို ဘယ်သူကမှ ဖိတ်ခေါ်ထားတာမရှိပါဘူး”ဟု ၎င်းကဆိုသည်။
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်နှင့် ပတ်သက်၍ “အဆင်သင့်ဖြစ်ပြီ” ဟု ဖြေဆိုခြင်း နှင့်ပတ်သက်၍ ရေးဆွဲပြီးသားရှိသည်၊ မရှိသည်ကို NLD ကို မဇ္စျိမက မေးမြန်းခဲ့ရာ အတိအကျဖြေဆိုခြင်းမရှိခဲ့ပေ။
အစိုးရက အပစ်ရပ်ပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးရန် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ကို မတ်လ ၁၇ ရက်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ထို့နောက် NBF က နိုင်ငံရေးပါတီအားလုံးတို့ သဘောတူသည့် မူဘောင်တစ်ခုရရေး ဆွေးနွေးမှုများ ပြုလုပ်သော်လည်းအ တိုက်အခံပါတီ NLD အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် အခြားသော ၁၀ ခုခန့်ကလာရောက်ခြင်း မရှိခဲ့ပေ။
ဦးထွန်းထွန်းဟိန်က “သူတို့ (NBF) လုပ်နေတဲ့ မူဘောင်မှာပါရမယ်၊ တစ်ခုတည်း၊ တစ်ပေါင်းတည်း ဖြစ်ရမယ်လို့ ဘယ်သူပြောလဲ” ဟု ဆိုသည်။
NLD က ဖိတ်ကြားလာသည့် အစည်းအဝေးများသို့ တက်ရောက် သင့်သည်၊ မသင့်သည်ကို ပါတီတွင်းမှ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
တစ်နိုင်ငံလုံး အပစ်ရပ်ညှိနှိုင်း ရေးအဖွဲ့ (NCCT ) အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့စဉ်က “သူ့လို နိုင်ငံတကာ အသိအမှတ်ပြုတစ်ယောက်ကို ဆွေးနွေးပွဲတွေမှာ ပါ၀င်ဖို့ဆိုရင် သာမန်ဖိတ်တာမဟုတ်ဘဲ သေသေချာချာ အသိအမှတ်ပြုပြီး ဖိတ်ကြားရင်တော့ ပါ၀င်လာပါလိမ့်မယ်” ဟု မဇ္ဈိမကို ပြောဆိုဖူးသည်။
နိုင်ငံရေးဆွေးနွေးပွဲမူဘောင်နှင့် ပတ်သက်၍ NLD အားမည်သို့ဆွေးနွေးရမည်၊ မည်သည့်ကဏ္ဍမှဆောင် ရွက်ပေးရမည်ဆိုသည့် တိကျသည့်ဖိတ်ကြားမှုမျိုးမရရှိခဲ့ဘဲ ပါတီသို့ဖိတ်သည့် သာမန်ဖိတ်စာမျိုးသာရရှိခဲ့ သည်ဟု စက်တင်ဘာလ ၃ ရက်တွင် မဇ္ဈိမကို ပြောထားသည်။