နိုင်ငံရေးအကျဉ်းသားများ၏ ညာဘက်လက်ချောင်းရေ တစ်ထောင် ပြုလုပ်ပြီးစီးပါက ပြည်ပတွင် သွားရောက် ပြသမည်ဟု ပန်းချီထိန်လင်းပြော

နိုင်ငံရေးအကျဉ်းသားများ၏ ညာဘက်လက်ချောင်းရေ တစ်ထောင် ပြုလုပ်ပြီးစီးပါက ပြည်ပတွင် သွားရောက် ပြသမည်ဟု ပန်းချီထိန်လင်းပြော
by -
မဇ္စျိမ

ပန်းချီဆရာ ထိန်လင်း၏ နိုင်ငံရေး အကျဉ်းသားများ၏  ညာဘက်လက်ကို ကျောက်ပတ်တီးဖြင့် ရုပ်ထုပြုလုပ် ခြင်း ၁ဝဝဝ ပြည့်ပါက သြဂုတ်၂၉ရက်တွင် ရန်ကုန်မြို့၌ ပြပွဲပြုလုပ်မည် ဖြစ်သည်။ ယင်းပွဲကို စိတ်ဝင်စားခြင်း ကြောင့် အမေရိကန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံ တို့မှ လာရောက်ပြသရန် ဖိတ်ကြားခြင်းခံရသည်ဟု ပန်းချီထိန်လင်း က မဇ္စျိမကို ပြောသည်။

“ ကျွန်တော်ရဲ့ ဒီပြပွဲကို ပြည်ပနိုင်ငံက စိတ်ဝင်စားတယ်။ ကျွန်တော်ကလည်း ပြုလုပ်ပြီးသွားရင် လာပြပါ့မယ် လို့ပြောထားတယ်။ ကျွန်တော်ပြပွဲလုပ်တာ ဘယ်မှာလုပ်ရမှန်း မသိသေးပါဘူး။ ရန်ကုန်မြို့တစ်နေရာမှာဘဲ ဒီပြပွဲကို လုပ်ဖြစ်သွားမှာပါ။ ကျွန်တော်က နိုင်ငံရေးအကျဉ်းသားဟောင်းရဲ့ ညာဘက်လက်တွေကို ရုပ်ထုပြု လုပ်ပြီး မော်ကွန်းတိုက်ပြုလုပ်ချင်တာပါ။ အခုတော့ တော်တော်ခရီးရောက်နေပါပြီ။ အခုလူကြီးပိုင်းဘက်ကို လှည့်နေပါတယ်။ သြဂုတ် ၂၉ ရက်မှာ စမ်းချောင်း NLD ဖြစ်မလား ၊ ကိုမြအေးဖြစ်မလား မသေချာသေးဘူး”ဟု ပြောသည်။

27aug13

ပန်းချီထိန်းလင်းသည် လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားများ၏ ညာဘက်လက်ကို ကျောက်ပတ်တီးဖြင့် ရုပ်ထုပြု လုပ်ရာတွင် ရုပ်ထုပေါင်း ၄ဝဝ ခန့်ပြီးစီးနေပြီဖြစ်ပြီး ၂ဝ၁၄ ခုနှစ်မကုန်ခင်အထိ အခုတစ်ထောင်ပြည့်ရန် ကြိုး စားလုပ်ကိုင်သွားမည်ဟုပြောသည်။ အကျဉ်းသားများ၏ လက်ရုပ်ထုပြုလုပ်ခြင်းသည် လူ့ခန္ဓာကိုယ်၏ အရိုးအဆစ်တစ်ခုဖြစ်သည့် အတွက် အရိုးကျိုးခဲ့ပါက ကျောက်ပတ်တီးဖြင့် ပြန်ဆက်၍ ရနိုင်ပြီး မြန်မာနိုင်ငံသည် လည်း ခေတ်မကောင်းသည့် အတွက် ခေတ်ပြန်ကောင်းရန် ကျောက်ပတ်တီးဖြင့် ပြန်ဆက်ချင်သည့် အဓိပ္ပါယ်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

ပြပွဲပြုလုပ်ရာတွင် နိုင်ငံရေး အကျဉ်းသားဟောင်း၏ ညာဘက်လက်ရုပ်ထုတစ်ခုနှင့် လက်ပိုင်ရှင်၏ ကိုယ်ရေးရာ ဇဝင်အကြောင်းများကို ဖော်ပြပေးသွားမည် ဖြစ်သည်။ ၎င်းသည်နိုင်ငံရေးပြုလုပ်သည့် အနုပညာရှင်များ ဖြစ်သည့် ဇင်ဝိုင်း ၊ ဇာဂနာ ၊ မိုးဝင်း ၊ အရိုင်း ၊ အောင်လွင် ၊ ဇော်သက်ထွေး ၊မိုးသူ ၊  မသီတာ(စမ်းချောင်း ) စသည့်အနုပညာရှင်များနှင့်အခြားသော နိုင်ငံရေး ပြုလုပ်သည့်အနုပညာရှင်များ၏ ရုပ်ထုများလည်း ပြုလုပ်ပြီး ဖြစ်သည်။

ပန်းချီထိန်လင်းသည် ၂ဝ၁၂ ခုနှစ် သြဂုတ် ၈ ရက်တွင် အင်္ဂလန်နိုင်ငံရှိ မြန်မာနိုင်ငံသားများနိုင်ငံရေး အကျဉ်းသား များ၏ လက်ကိုရုပ်ထု စတင်ပြုလုပ်ခဲ့ရာ ယနေ့အချိန်အထိ တစ်နှစ်ကျော်ပြီ ဖြစ်သည်။