ဖက်ဒရယ်အရေးဆွေးနွေးပွဲ တားမြစ်ခံရ

ဖက်ဒရယ်အရေးဆွေးနွေးပွဲ တားမြစ်ခံရ
by -
မဇ္စျိမ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ပြုလုပ်သည့် ဖက်ဒရယ်အရေးအလုပ်ရုံဆွေးနွေးပွဲ မလုပ်ရန် တားမြစ်ခဲ့သည်ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ဇူလိုင် ၂၂ ရက်တွင် မဇ္ဈိမကို အတည်ပြုသည်။

“နက်ဖြန်လုပ်မှာကို ဒီနေ့မှ ကပ်ပြီး ပြောလို့ မရပါဘူး။ မြို့နယ်ကို မပြောထားလို့ ကျွန်တော်ဆီကိုလည်း ဒီကိစ္စ မတက်ပါဘူး။ နိုင်ငံခြားသားအပါအဝင် သူတို့ကို အရေးယူတာတော့ မလုပ်ပါဘူး။ ဆက်မလုပ်ဖို့ပဲ ပြောခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

စီစဉ်သူ ဦးဇန်းထန်းကမူ ဆွေးနွေးပွဲကို ဦးဆောင်မည့် နိုင်ငံခြားသားများသည် စီးပွားရေးဗီဇာသာ ကိုင်ဆောင်ထား၍ တားမြစ်ခြင်းဟု မဇိ်္စျမကို ပြောသည်။

“ကျွန်တော်တို့ မြို့နယ်ကိုလည်း ခွင့်ပြုချက်အတွက် အကြောင်းကြားထားပါတယ်။ မနေ့ကလည်း လုပ်ခဲ့ပြီးပြီ ဒီနေ့မှ လာတားတာ”ဟု ၎င်းက ပြောသည်။

ဇူလိုင်လ ၂၁ ရက်မှစ၍ နှစ်ရက်ကြာ ပြုလုပ်ရန် စီစဉ်ထားသည့် ဆွေးနွေးပွဲကို ဒုတိယမြောက်ရက်တွင်မှ လာရောက်တားမြစ်ခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး-၂ ဆလိုင်းကျဲအိုပိထောင်ကမူ နိုင်ငံခြားပညာရှင်များသည် မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများနှင့်ပင် နေပြည်တော်၌ပင် ဆွေးနွေးခွင့်ရသူများဖြစ်သည်ဟု ဆိုသည်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးကမူ စီးပွားရေးဗီဇာဖြင့် နိုင်ငံရေးအရ ဟောပြောခြင်းလုပ်ခွင့် မရှိ၍ တားမြစ်ခြင်းဟု ဆိုသည်။ ဖက်ဒရယ် ပြည်ထောင်စုစနစ်အတွက် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် နိုင်ငံခြားသားပညာရှင် လေးဦးတို့ ဆွေးနွေးနေကြခြင်းဖြစ်သည်။

Most read this week