လှည်းတန်းမီးပွိုင့်တွင် ဟွန်းသံရှည်တီးသူ တစ်ဦးလိုင်စင်သိမ်းခံရ

လှည်းတန်းမီးပွိုင့်တွင် ဟွန်းသံရှည်တီးသူ တစ်ဦးလိုင်စင်သိမ်းခံရ
by -
မဇ္စျိမ

အာဇာနည်နေ့တွင် လှည်းတန်းမီးပွိုင့်၌ ဟွန်းသံရှည် ဆွဲသူတစ်ဦးကို လိုင်စင်သိမ်းယူလိုက်ကြောင်း မျက်မြင် တွေ့သူ ကမာရွက်မြို့နယ် လှည်းတန်းမီးပွိုင့်တွင် ကားဟွန်းရှည်တီးရေး လှုံ့ဆော်သူ ကိုရဲရင့်ခန့်မောင်က မဇ္စျိမကိုပြောသည်။

“ လမ်းပေါ်က လူတွေက တစ်မိနစ်ငြိမ်တဲ့အချိန်မှာ ကားတွေက ဟွန်းသံရှည်တွေ ဆွဲပြီး လာကြတဲ့ အဲဒီအထဲ ကမှ ကားတစ်စီးကို လိုင်စင်သိမ်းသွားတယ်”ဟု ကိုရဲရင့်ခန့်မောင်ကဆိုသည်။

အာဇာနည်နေ့မတိုင်ခင်က ဟွန်းသံရှည် တီးပါက လိုင်စင်ပိတ်သိမ်းမည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုရဲမှူးကြီး ဦးလင်းထွဋ်က ပြောထားဖူးသည်။

လိုင်စင်သိမ်းခံရသည့် ယာဉ်မောင်း ကိုငြိမ်းမင်းသူကို မဇ္စျိမက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

Most read this week