အစိုးရက ၀င်ငွေမည်မျှရသည်၊ မည်သို့ ခွဲဝေသုံးစွဲသည် (Citizens Budget) ကို ပြည်သူအများ နားလည်လွယ် အောင် ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းများ မပါဘဲ ဘတ်ဂျက်ဆိုင်ရာ အခြေခံသတင်းအချက်အလက်များကို ထုတ်ပြန်ပေးသွားမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးလင်းအောင်က လွှတ်တော်သို့ ကတိပြု ဖြေကြားခဲ့သည်။
Citizens Budget နှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက “နိုင်ငံတော်၏ ဂုဏ်သိက္ခာအဆင့်အတန်းအတွက် ပွင့်လင်းမြင် သာ သောဘတ်ဂျက်အဖြစ် သုံးသပ်အကဲ ဖြတ်နိုင်စေရန် In Year Report နှင့် Citizens Budget များကို နိုင်ငံ တစ်ဝန်းပြည်သူများသိရှိရေး ဖြန့်ဝေခြင်း ဆောင် ရွက်နိုင်မည့်အစီအစဉ်ကို သိရှိလိုပါတယ်” ဟု မေးမြန်း ခဲ့ခြင်း ဖြစ်သည်။
Citizens Budget ဖြစ်စေရန် အဓိကလိုအပ်ချက်များမှာ Pre- Budget Statement Executive’s Bud- get Proposal The Enacted Budget ၊ နှစ် အတွင်း အစီရင်ခံစာ၊ နှစ်လယ်အစီရင်ခံစာ နှင့် နှစ်ကုန်အစီ ရင်ခံစာများ ထုတ်ပြန် ခြင်းနှင့် စာရင်းစစ်အစီရင်ခံစာများထုတ် ပြန်ခြင်းတို့ဖြစ်သည်။
ဒု-၀န်ကြီးက “ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည် ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့ နှစ်စဉ်တင်သွင်း လျက်ရှိပါတယ်”ဟု ဆိုသည်။
ယင်းသို့ တင်သွင်းခြင်းသည် ဘတ်ဂျက်ဥပဒေကြမ်းကို မဆွေးနွေးမီ ကြိုတင်တင်ပြသည့် Pre- Budget Statement ဖြစ်ပြီး ၎င်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင်လွှတ်တော်ကိုယ်စားလှယ် တော်ကြီး များဆွေးနွေးဆုံးဖြတ်ပြီးလျှင် နိုင်ငံသားများသိရှိစေရန်မြန်မာ့ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခြင်း ဆောင်ရွက်လျက်ရှိကြောင်း လည်း ဒု-၀န်ကြီးက ထပ်ဆင့်ရှင်းပြခဲ့သည်။
ထို့အတူ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်သော အမျိုးသား စီမံကိန်းဥပဒေနှင့်အညီ ပြည် ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း ကို ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်း ခြင်းမှာExecutive‘s Budget Proposal တင်သွင်းခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်တို့က ဆွေးနွေးခြင်း များကိုလည်း ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင် သတင်းစာတို့တွင် ဖော်ပြပါရှိသည်။
ပြည်ထောင်စုလွှတ်တော်က အတည် ပြုလိုက်သည့် ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတက The Enacted Budget အဖြစ် ဥပဒေပြဋ္ဌာန်းရန် လက်မှတ်ရေးထိုးပြီးနောက် မြန်မာနိုင်ငံပြန်တမ်းတွင်ထည့်သွင်းခြင်း၊ နိုင်ငံတော်သမ္မတရုံးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန Website တို့တွင် ဖော်ပြထားသည်ဟု ဒု-၀န်ကြီးက ရှင်းပြသည်။
“ပြည်ထောင်စုစာရင်းစစ်ချုပ်ကလည်း ဥပဒေနှင့်အညီ ၎င်းတို့၏ စစ်ဆေးတွေ့ရှိ ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံ တင်ပြလျက်ရှိပါတယ်”ဟု ဒု- ၀န်ကြီး ဦးလင်းအောင်က အမျိုးသားလွှတ် တော်သို့ ဖြေကြားခဲ့သည်။