စစ်ကိုင်းတွင် ဖြစ်ပွားခဲ့သောပစ်ခတ်မှုမှာ KNU/KNLA (PC) နှင့်ပတ်သက်ခြင်းမရှိ ဟုဆို

စစ်ကိုင်းတွင် ဖြစ်ပွားခဲ့သောပစ်ခတ်မှုမှာ KNU/KNLA (PC) နှင့်ပတ်သက်ခြင်းမရှိ ဟုဆို
by -
မဇ္စျိမ

စစ်ကိုင်းမြို့တွင် ဇွန်လ ၁၂ ရက်၌ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် KNU/KNLA (PC) နှင့် ပတ်သက်မှု မရှိကြောင်း အဆိုပါ အဖွဲ့၏ စစ်ကိုင်းတိုင်း တာဝန်ခံဗိုလ်မှူး စောလိပ်ပြာက မဇ္ဈိမကို ပြောသည်။

“စစ်ကိုင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စက ကျွန်တော်တို့ KNU/KNLA (PC)နဲ့ မပတ်သက်ဘူးဗျာ။ အမိန့်ပေးထားတာလည်း မရှိဘူး။ NDA အဖွဲ့ကို စော်ကားတာလည်း မရှိဘူး။ အခု ဖြစ်စဉ်က ကျွန်တော်တို့အဖွဲ့နဲ့ လုံးဝ မပတ်သက်ဘူးဆိုပေမယ့် ဆက်နွယ်မှုတော့ရှိတယ်။ ဘာဖြစ်လို့ဆိုတော့ ကျွန်တော်တို့အဖွဲ့က စောကေထူး ပါနေလို့ပါ။ သူ့ကို လောလောဆယ် တာဝန်က ရပ်စဲထားပါတယ်”ဟု ဗိုလ်မှူးစောလိပ်ပြာက ပြောသည်။

အဆိုပါပစ်ခတ်မှုသည် အသင်းအဖွဲ့ ကြား ဖြစ်ပွားခြင်းမဟုတ်ဘဲ ပုဂ်္ဂိုလ်ရေးအရ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ စစ်ကိုင်းကောင်းမှုတော် ဘုရားဖူးပြီး အပြန် ဖြစ်တာပါ။ ကျွန်မတို့ သွားတဲ့လမ်းကိုပိတ်ပြီး ရပ် ပါတယ်။ ပြီးတော့ ကောင်မအမှုပိတ်ပေးမလား။ အသေခံမလားဆိုပြီး မေးပါတယ်။ သူတို့လက် ထဲမှာ သေနတ်ပါလို့ ကျွန်မတို့ကို သေနတ် နဲ့ နှစ်ချက်လှမ်းပစ်ပါတယ်။ စရဖရုံးကိုသွား ပြီး အကူအညီတောင်း တော့ လူကြီးမရှိလို့ တံခါးဖွင့်မပေးပါဘူး။

“ကျွန်မတို့ ပိတ်မိသွားပြီး NDA က ဗိုလ်မှူးစောနဂါးက သေနတ်ဒင်နဲ့ ကားမှန် ရိုက်ခွဲတယ်။ ကျွန်မကို ဆံပင်ဆွဲပြီး ဆဲပါတယ်။ ကျွန်မနဲ့ပဲ ဖြစ်တာပါ။KNU/KNLA (PC) နဲ့ မပတ်သက်ပါဘူး။ စောကေထူးက ကျွန်မကားကို မောင်းပေးတာပါ။ အဖွဲ့က ကျွန်မကို မင်းမဲ့စရိုက်ဆန်ဆန် အခုလိုလုပ်တာကို တရားစွဲ သွားမှာပါ” အခင်းဖြစ်ပွားမှုတွင် ပါ၀င်ပတ်သက်သူ မလင်းလင်းမြတ်က မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီ ၅ရက်တွင် NDAငြိမ်း ချမ်းရေးအဖွဲ့ဝင်များက မလင်းလင်းမြတ် ခရီးထွက်နေစဉ် နေအိမ် တံခါးများကို ဖျက်ဆီး၍ ဗိုလ်မှူးစောအယ်ဆေးထူးအပါအဝင် ကိုးဦးက အိမ်အတွင်း ၀င်ရောက်၍ လက်ဝတ်ရတနာများနှင့် ငွေသားများ သိမ်းယူသွားခဲ့ခြင်းအတွက် စစ်ကိုင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထား၍ ယင်းအမှုကို ပိတ်ပေးရန် အသက်အန္တရာယ်ရန်ရှာပြီး တားဆီးနေခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ NDA ငြိမ်းချမ်းရေးအဖွဲ့မှ ဗိုလ်မှူးစောအယ်ဆေးထူးက သေနတ်ဖြင့် ပစ်ခတ်မှုမရှိသကဲ့သို့ မိမိတို့အဖွဲ့သည် လက်နက်နှင့် ငြိမ်းချမ်းရေးလဲထားသော အဖွဲ့ဖြစ်၍ လက်နက်လည်း မရှိကြောင်း မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့က ငြိမ်းချမ်းရေးယူထားတာပါ။ မှားမှားမှန်မှန်အာဏာပိုင်က ဆုံးဖြတ်တာကိုပဲလက်ခံသွားမှာ ပါ”ဟု ဗိုလ်မှူး စောအယ်ဆေးထူးက ပြောသည်။

၎င်းဖြစ်စဉ်ဖော်ထုတ်ရေးအတွက် KNU/KNLA (PC) မှ ဗိုလ်မှူးစောလိပ်ပြာက ကူညီ ဖြေရှင်းပေးနေသည်။

Most read this week