ဒေါ်အောင်ဆန်းစုကြည်ကို သံဃာတော်များထောက်ခံခြင်း၊ ကန့်ကွက်ခြင်းမပြုကြရန် ရခိုင်သံဃာတော်များ ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်ကို သံဃာတော်များထောက်ခံခြင်း၊ ကန့်ကွက်ခြင်းမပြုကြရန် ရခိုင်သံဃာတော်များ ထုတ်ပြန်
by -
မဇ္စျိမ

ဒေါ်အောင်ဆန်းစုကြည်ရခိုင်ပြည်နယ်သို့ လာရောက်ပါက ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းမပြုကြရန် ရခိုင်ပြည်နယ် စည်းကမ်းထိန်းသိမ်းရေးနှင့် ရဟန်းတော်များအဖွဲ့က ဆုံးဖြတ်ခဲ့သည်ဟု စစ်တွေမြို့နယ် မြောက်ပိုင်းဒေသ ဥက္ကဋ္ဌ ဆရာတော် ဦးစန္ဒောဘာသက မဇ္ဈိမကို မိန့်သည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရှိ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ ၂၀၀ ခန့်က စစ်တွေ မြို့မဘုန်းကြီးကျောင်းတွင် ဇွန် ၄ ရက်က အစည်းအဝေးပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် တည် ငြိမ်ဖွံ့ဖြိုးရေးကိစ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရခိုင်ပြည်နယ် သို့ သွားရောက်ဟောပြောရန် သတင်းများထွက်ပေါ်နေခြင်းကြောင့် ထိုအချက်ကို အစည်း အဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ သည်ဟုဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခြင်း ကန့်ကွက်ခြင်းမပြုဘဲနေဖို့က ရဟန်းတော်တွေရဲ့ ရပ်တည်ချက် သီးသန့် ဖြစ်ပါတယ်။ ဒကာ၊ ဒကာမတွေကို စည်းရုံးမှာ မဟုတ်ပါဘူး။ သူတို့ ရပ်တည်ချက်နဲ့ သူတို့ လုပ်နိုင်ပါတယ်” ဟု ဦးစန္ဒောဘာသ က မိန့်ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်သို့ သွားရောက်ရန်မှာ သေချာမှု မရှိသေးဟု ယင်းပါတီ၏ ဗဟိုကော်မတီ အဖွဲ့ဝင် ဦးဝင်းမြင့်ကဆိုသည်။

“ဘာမှ မကြားသေးဘူး၊ ဘယ်သူချွန်လိုက်တာလဲမသိပါဘူး။ ကျွန်တော်တို့ ဘာမှမကြားသေးဘူး”ဟု ဦးဝင်းမြင့်က မဇ္ဈိမ ကိုပြောသည်။

ရခိုင်ပြည်နယ်ဒေသခံများက ၂၀၁၂ ခုနှစ်မှ စတင်၍ ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်စပ်လျည်း၍ ဒေါ်အောင်ဆန်းစုကြည်သည် ဘက်လိုက်ပြောဆိုမှုများ ပြုလုပ်သည်စွပ်စွဲကာ ရခိုင်တိုင်းရင်းသားများက ထောက်ခံမှု လျော့နည်းခဲ့သည်။

Most read this week