ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် အာဆီယံအတွက် ဘုံစိန်ခေါ်မှုဟု မြန်မာကာကွယ်ရေး ၀န်ကြီးပြောကြား

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် အာဆီယံအတွက် ဘုံစိန်ခေါ်မှုဟု မြန်မာကာကွယ်ရေး ၀န်ကြီးပြောကြား
by -
မဇ္စျိမ

အာဆီယံဒေသတွင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေးကို ထိန်းသိမ်းရန်မှာ အားလုံး၏ ဘုံစိန်ခေါ်မှု အဖြစ် သတိပြုရမည်ဖြစ်သည်ဟု မေလ ၂၀ ရက်တွင် ပြုလုပ်သည့် ရှစ်ကြိမ်မြောက် အာဆီယံကာကွယ်ရေး ၀န်ကြီးများ အစည်းအဝေး ဒုတိယမြောက်နေ့တွင် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။

ရှစ်ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို မေလ ၁၉ ရက်မှ ၂၁ ရက်အထိနေပြည် တော်ရှိ ဟိုတယ် ROYAL ACE တွင် ကျင်းပခဲ့သည်။

“ဒေသတွင်းနိုင်ငံတွေမှာ ကာကွယ်ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ပိုအားကောင်းအောင်လို့ အစွမ်းကုန် လုပ်သွားမယ်” ဟုလည်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

အာဆီယံဒေသတွင်း နိုင်ငံအချို့နှင့် တရုတ်နိုင်ငံတို့အကြား ရေပိုင်နက်အငြင်းပွားနေသည့် တောင်တရုတ် ပင်လယ်နယ်နိမိတ်တွင် တရုတ်နိုင်ငံက ရေနံတူးဖော်ခြင်းလုပ်ငန်းများကို အကောင်အထည် ဖော်နေ သော်လည်း အာဆီယံအနေဖြင့် ထိရောက်သည့် ဖြေရှင်းမှုများ မပြုလုပ်နိုင်သေးဟု ဝေဖန်မှုများရှိနေသည်

အငြင်းပွား ရေပိုင်နက်ပြဿနာကြောင့် ဗီယက်နမ်နိုင်ငံတွင်လည်း တရုတ်ဆန္ဒပြသူများက တရုတ်နိုင်ငံသားပိုင် စက်ရုံများနှင့် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးကာ ကန့်ကွက်ဆန္ဒပြနေကြသည်။ ယင်းကြောင့် ဗီယက်နမ်နိုင်ငံရှိ တရုတ်နိုင်ငံသား ၃,၀၀၀ ကိုလည်း တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဗီယက်နမ် ရှိ တရုတ်နိုင်ငံသားများ၏ လုံခြံုရေးကို ဗီယက်နမ်နိုင်ငံ အာဏာပိုင်များက ကာကွယ်ပေးရန်အတွက် မေလ တတိယပတ်အတွင်း အသိပေးအကြောင်းကြားခဲ့သည်။

အာဆီယံဒေသတွင်း ဖြစ်ပေါ်နေသော တောင်တရုတ်ပင်လယ်ပြင်အရေးသည် အာဆီယံနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် တရုတ်နိုင်ငံတို့ အဓိက ပါ၀င်ပတ်သက်နေသည်။ အလားတူ ထိုင်းနိုင်ငံတွင်လည်း အစိုးရဆန့်ကျင်ဆန္ဒပြမှုများသည်လည်း ၂၀၁၃ ခုနှစ်ကုန်ပိုင်းမှ စတင်ဖြစ်ပေါ်ခဲ့ကာ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ၀န်ကြီးချုပ် ယင်လတ်ကို အဂတိလိုက်စားမှု စွဲချက်ဖြင့် ယခု လစောစောပိုင်းက ရာထူးမှ ဖယ်ရှားခဲ့သည်။

ထို့နောက်ပိုင်းတွင် ဆန့်ကျင်ဆန္ဒပြမှုများ ပိုဆိုးလာကာ မေလ ၂၀ ရက် နံနက် ပိုင်းတွင် ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး (Martial Law)  ထုတ်ပြန်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ထိန်းချုပ်မှုစင်တာ (The Peace Keeping Command Centre-PKCC) ဖွဲ့စည်းထားသည်။

အာဆီယံဒေသတွင်းနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံ လေကြောင်းလိုင်းမှ ခရီးသည် ၂၃၉ ဦးလုံးနှင့်အတူ ပျောက်ဆုံးနေသည့် MH ၃၇၀ အတွက် ကြာရှည်စွာ ပြုလုပ်နေရသည့် ရှာဖွေရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ အာဏာပိုင်များနှင့်အတူ ဒေသတွင်းနိုင်ငံများက ကူညီရန်အတွက် စိတ်အားထက်သန်စွာ တောင်းဆိုသည်ဟု လည်း ဆိုသည်။

အာဆီယံကာကွယ်ရေး ၀န်ကြီများ အစည်းအဝေးကို လာအိုနိုင်ငံမှအပ ကျန်နိုင်ငံများ၏ ကာကွယ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူပေါင်း ၁၅၄ ဦးနှင့် တရုတ်နိုင်ငံ ကာကွယ်ရေးတာဝန်ရှိသူ ၂၀ ဦး တက်ရောက်ခဲ့ ကြသည်။

Most read this week