မီဒီယာလွတ်လပ်ခွင့်အတွက် မကွေးတွင် လူအင်အား ၁၀၀ ကျော် ဆန္ဒထုတ်ဖော်

မီဒီယာလွတ်လပ်ခွင့်အတွက် မကွေးတွင် လူအင်အား ၁၀၀ ကျော် ဆန္ဒထုတ်ဖော်
by -
မဇ္စျိမ

ဖမ်းဆီးခံထားရသည့် သတင်းထောက်များ ပြန်လွှတ်ပေးရေး နှင့် မီဒီ ယာလွတ်လပ်ခွင့်အတွက် မကွေးမြို့ တွင် မေ ရ ရက် နံနက်က မီဒီယာသမားများ အပါအဝင် လူအင်အားတစ်ရာကျော် တီရှပ်အနက်များ ၀တ်ဆင်ကာ ဆန္ဒထုတ်ဖော်ကြသည်။

ယူနတီဂျာနယ် သတင်းထောက် တင်ရွှေ(မင်းဘူး)က အာဏာပိုင်များထံ ခွင့်ပြုချက်တင်ခဲ့ပြီး၊ ငြင်းပယ်ခံခဲ့ရ သော်လည်း ဆန္ဒပြပွဲကိုမူ ခွင့်ပြုချက်မရဘဲ ပြုလုပ်ခဲ့ကြသည်။

“ခွင့်ပြုချက်မရလို့ ပုဒ်မ(၁၈)နဲ့ ဖမ်း ရင်လည်း လုံးဝအာမခံမယူဘဲ အဖမ်းခံပြီး ဆန္ဒပြသွားမှာပါ”ဟု တင်ရွှေ (မင်းဘူး)က မဇ္ဈိမကို ပြောသည်။ လမ်းလျှောက်ဆန္ဒပြကြရာ နတ်မောက်လမ်းတွင် မကွေးမြို့မရဲစခန်း၊ ဒု-စခန်းမှူး ရဲအုပ်မြင့်အောင်နှင့်အဖွဲ့က ခွင့်ပြုချက် မရ၍တားဆီးခဲ့သည့်အတွက် လမ်းကြောင်းပြောင်းကာ ကြွေးကြော်သံများ နှင့် ဆိုင်းဘုတ်ကြီး/ငယ်(၁၀၀)ကျော်တို့ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒပြရာလမ်းတစ်လျှောက်တွင် ရဲတပ်ဖွဲ့ဝင်များက သံဆူးကြိုးကာ တားဆီးခြင်း၊ လမ်းပိတ်ဆို့ တားဆီး ခြင်းများ ပြုလုပ်ခဲ့ကြပြီး “ဒီဆန္ဒပြပွဲကို တရားဝင် ခွင့်ပြုချက်မပါဘဲ ဆန္ဒပြကြလို့ တရားဥပဒေအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်သွားမှာပါ”ဟု မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းချစ်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ဘက်ကတော့ ရှေ့နေ ရှေ့ရပ်တွေ အများကြီးရှိပါတယ်။ သူတို့တရားစွဲဆိုခြင်းဟာ မတရား တဲ့ ဥပဒေပုဒ်မတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆက်လက်ပြီး တရားဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်း သွားမှာပါ။ ဦးတင်ရွှေကိုယ်တိုင်က သူ့ကို ပုဒ်မ(၁၈)နဲ့အရေးယူရင် သူ့မှာ အပြစ်မရှိတဲ့အတွက် အာမခံ လုံးဝမယူဘူး ပြောထားတာပါ”ဟု ဆန္ဒပြရာတွင် ပါ၀င်သူ ကို နေမျိုးကျော်က ဆိုသည်။

မင်းဘူး၊ စကု၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ နတ်မောက်မြို့မှ မီဒီယာအဖွဲ့ များ၊ မကွေးသတင်းသမား အချို့၊ ရန်ကုန်မြို့မှDVB သတင်းသမားအချို့၊ ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး)အဖွဲ့နှင့် မကွေးတိုင်း NLDပါတီအတွင်းရေးမှူး ဦးနေမျိုးကျော်တို့က ဆန္ဒဖော်ထုတ်ရာ တွင် ပါ၀င်ခဲ့ကြသည်။ ဆန္ဒပြပွဲကို နံနက် ၉ နာရီခန့်မှ စတင်ခဲ့ပြီး နေ့လယ် ၁၂ နာရီအချိန်တွင် ပြီးဆုံးခဲ့သည်။

Most read this week