ယခု ၂၀၁၄ ခုနှစ်တွင်ကျင်းပမည့် အာဆီယံစီးပွားရေးလုပ်ငန်းဆိုင်ရာ ဆုချီးမြှင့်ပွဲတွင် ပြည်တွင်းဒိတ်ဒိတ် ကြဲထိပ်သီးလုပ်ငန်းများက မြန်မာပြည်ကိုယ်စားပြု စီးပွားရေးလုပ်ငန်းများအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင် ဖွယ်ရှိသည်ဟု အမျိုးသားစီးပွားရေးနှင့် လူမှုအကြံပေးကောင်စီNESAC ၏ မြန်မာနိုင်ငံဆိုင်ရာ အတွင်း ရေးမှူး ဦးဝေဖြိုးက မီဒီယာများကို ပြောသည်။
မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကာ ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် ဆုချီးမြှင့်ပွဲကိုမူ ဆုပေးစနစ်များ ပြောင်းလဲထားသဖြင့် မြန်မာနိုင်ငံ၏ ကိုယ်စားပြုစီးပွားရေးလုပ်ငန်းရှင်အဖြစ် ရွေးချယ်ခံရနိုင်ရေးအတွက် ပြည်တွင်းရှိ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်များ ပါ၀င်နိုင်ရန် စည်းရုံးသွားမည်ဖြစ်ရာ ပါ၀င်လာမည့်အရေး မျှော် လင့်ရသည်ဟု မေလ ၂ ရက်က ကုန်သည်/စက်မှုအသင်းချုပ် UMFCCI တွင်ကျင်းပသောASEAN Bus- iness Awards (ABA) ကျင်းပရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ဖြေကြားခဲ့ သည်။
အာဆီယံစီးပွားရေးလုပ်ငန်းဆိုင်ရာ ဆုပေးပွဲကျင်းပရေး မြန်မာဘက် တာဝန်ခံအဖြစ် ဆောင်ရွက်နေလျက်ရှိ သည့် ဦးဝေဖြိုးက “ဒီဆုက မြန်မာနိုင်ငံအနေနဲ့ တစ်နှစ်မှမရခဲ့ဖူးပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ကိုယ် စားပြုယူပေးနိုင်ဖို့ လုပ်ငန်းရှင်အများကြီးက ၀င်အရွေးခံစေချင်တာပါ။ ကျွန်တော်တို့ကလဲ ၀င်ရောက်ယှဉ် ပြိုင်ပေးဖို့ စည်းရုံးမှုအမျိုးမျိုး လုပ်သွားမှာဖြစ်တဲ့အတွက် ပြည်တွင်းက ထိပ်သီးလုပ်ငန်းရှင်တွေလဲ ဒီနှစ်မှာ တော့ ၀င်ပြီးယှဉ်ပြိုင်လိမ့်မယ် ထင်ပါတယ်”ဟု ပြောသည်။
အာဆီယံဒေသတွင်းနိုင်ငံများတွင် ၂၀၀၇ ခုနှစ်မှစတင်ချီးမြှင့်ခဲ့သည့် အာဆီယံစီးပွားရေးလုပ်ငန်းဆိုင်ရာ ဆုချီးမြှင့်ပွဲများတွင်မူ ဆုအမျိုးအစားတစ်ခုတွင် အာဆီယံအဆင့် အကောင်းဆုံးဆုတစ်ခုကိုသာ ပေးခဲ့ခြင်း ဖြစ်သော်လည်း ယခုနှစ်တွင်မူ ဆုအမျိုးအစားတစ်ခုအတွက် အာဆီယံတစ်နိုင်ငံချင်းစီမှ အမျိုးသားတစ်ဦး စီအတွက် ၁၀ ဆုနှင့် အာဆီယံအဆင့် ချန်ပီယံဆုတစ်တစ်ဆုကို ချီးမြှင့်ပေးရန် ပြောင်းလဲထားခြင်းဖြစ် သည်ဟု ABA ကျင်းပရေးဆိုင်ရာ မြန်မာဘက်တာဝန်ခံပုဂ်္ဂိုလ်များက ဆိုသည်။
ဆုများအဖြစ် အကြီးစားလုပ်ငန်းဆုများတွင် ထူးချွန်အများပိုင်လုပ်ငန်းဆု(Corporate Excellence)၊ တီထွင်ဆန်းသစ် လုပ်ငန်းဆု(Innovation) ၊ အာဆီယံဗဟိုလုပ်ငန်းဆု(Asean Centricity) နှင့် အလတ်စားနှင့် အသေးစားလုပ်ငန်းဆုများတွင် အကောင်းဆုံးအသေးစားနှင့် အလတ်စားလုပ်ငန်းဆု(MSME)၊ လူငယ်စွန့်ဦး တီထွင်ဆု (Young Enterpreneurs)၊ အမျိုးသမီး ဦးဆောင်ဆု(Women Leader)တို့ အား ချီးမြှင့်ပေးမည်ဟု ဆိုသည်။
ဆက်လက်၍ ဦးဝေဖြိုးက “ဒီနှစ်မှာတော့ ဆုတစ်ခုခြင်းစီမှာ ကိုယ့်နိုင်ငံအနေနဲ့ အမျိုးသားအဆင့် တစ်ဦး ပါ၀င်နိုင်တဲ့အတွက် အခွင့်အလမ်းအများကြီး ပိုများလာပါတယ်။ မြန်မာပြည်ကိုယ်စားပြုအဖြစ် ပြည်တွင်း က ထိပ်သီးလုပ်ငန်းကြီးတွေ ပါ၀င်ဖို့အတွက်ကတော့ ကျွန်တော်တို့ရဲ့ စည်းရုံးမှုအပေါ်မှာ အများကြီး မူ တည်မယ်ထင်ပါတယ်”ဟု ပြောသည်။
အကြီးစားလုပ်ငန်းများအနေဖြင့် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုစံသတ်မှတ်ချက်၏ ၄၀ရာခိုင်နှုန်း ပြည့်ရန်၊ သုံးနှစ်တာဘဏ္ဍာရေးရှင်းတမ်းနှင့် လုပ်ငန်းသက်တမ်း ငါးနှစ်ရှိစေရန်၊ လုပ်ငန်းလည်ပတ် ငွေ ဒေါ်လာဆယ်သန်းနှင့် တစ်နှစ်တာအမြတ်ငွေ ဒေါ်လာ သန်းနှစ်ဆယ်နှင့် အနည်းဆုံးလုပ်သားဦးရေ ၃၀၀ ရှိစေရန် အချက်တစ်ခုခုဖြင့် ကိုက်ညီပါက ၀င်ရောက် ယှဉ်ပြိုင်နိုင်သည်။
မြန်မာနိုင်ငံတွင် ထူးကုမ္ပဏီလုပ်ငန်းစု၊ ရွှေတောင်ကုမ္ပဏီလုပ်ငန်းစု၊ အေရှားဝေါကုမ္ပဏီလုပ်ငန်းစု၊ မက်စ်မြန်မာ ကုမ္ပဏီလုပ်ငန်းစုများမှာ မြန်မာနိုင်ငံ၏ အဓိက ထိပ်သီး လုပ်ငန်းစုများအဖြစ် ရပ်တည်နေခြင်း ဖြစ်သည်။