ကရင်အမျိုးသားညီလာခံ ၂ဝ၁၅ တွင် ကျင်းပမည်

ကရင်အမျိုးသားညီလာခံ ၂ဝ၁၅ တွင် ကျင်းပမည်
by -
မဇ္စျိမ

ကရင်အမျိုးသားရေးကိစ္စရပ်များ ဖြေရှင်းနိုင်မည့် ကရင်အမျိုးသား ညီလာခံကျင်းပရေးစုံညီအစည်းအဝေး ပြုလုပ်နိုင်ရန် စီစဉ်မည်ဟု ကရင်အမျိုး သား ခေါင်းဆောင်များ သဘောတူညီ ထားကြသည်ဟု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ဒု-ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။

“ညီလာခံကို အခုချက်ချင်းလုပ်ဖို့က နိုင်ငံရေးအခြေအနေ၊ ငြိမ်းချမ်းရေး အခြေအနေက ဘာမှန်းတိကျတဲ့ အဖြေ မထွက်သေးဘူး။ အဲ့အတွက် စုံညီ အစည်းအဝေးကိုအရင်လုပ်မယ်၊ ပြီးရင်တော့ ကရင့်အမျိုးသား ညီလာခံကို သွားဖို့ ပြင်ဆင်မယ်။ ရက်တော့ မပြောနိုင်သေးဘူး”ဟု ပြောသည်။

mizzima 06051401

ပုသိမ်မြို့တွင် မေလ ၂ ရက်နှင့် ၃ ရက်က ကျင်းပခဲ့သည့် ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်း ချမ်းရေး ကော်မတီအစည်းအဝေးအပြီး ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ နန်းခင်အေး မူကလည်း ကရင်ညီလာခံကျင်းပနိုင်ရေးသည် လာမည့် ၂ဝ၁၅ခုနှစ်တွင် သာ ဖြစ်နိုင်ဖွယ်ရှိသည်ဟု မှတ်ချက်ပေး ထားသည်။

ပုသိမ်တွင်ကျင်းပသည့် ကော်မတီ အစည်းအဝေးတွင် ကရင်ရေးရားကိစ်္စ ရပ်များအပါအဝင် စစ်မှန်သည့် ဒီမိုက ရေစီပီပြင်ရေး၊ ဖက်ဒရယ်ပြည်ထောင် စုဖြစ်ပေါ်လာရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးကဏ္ဍများကို ဆွေးနွေးခဲ့ကြပြီး ကရင်ညီလာခံကျင်းပနိုင်ရေးလည်း ဆွေးနွေးခဲ့ကြကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုစောသမိန်ထွန်းက ပြောသည်။

ကရင်ငြိမ်းချမ်းရေးကော်မတီ အစည်းအဝေးကို ၂ဝ၁၃ခုနှစ် မတ်လမှ စတင်ကာ ရန်ကုန်မြို့တွင် စတင် ကျင်း ပခဲ့ပြီး၊ ယင်းနောက်တွင် ဘားအံမြို့တွင် လည်းကောင်း၊ မေလ၂ရက်နှင့် ၃ ရက်တွင် ပုသိမ်မြို့တွင် လည်းကောင်း၊ မေလ ၅ ရက်တွင်မြောင်းမြမြို့တွင် လည်းကောင်း ကျင်းပလျေက်ရှိကာ ဧရာဝတီတိုင်း အတွင်း ကော်မတီ အစည်းအဝေးများ ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။

ယင်းအစည်းအဝေးများတွင် လူမျိုးရေးကိစ္စ၊ ရွေးကောက်ပွဲ နှင့် ပတ်သက်သည့်ကိစ်္စများ၊ ၂ဝဝ၈ ဖွဲ့စည်း ပုံပြင်ဆင်ရေး ကိစ်္စများနှင့် ငြိမ်းချမ်းရေး ဆိုင်ရာအချက်အလက်များ ဆွေးနွေး သွားမည်ဟု ဆိုသည်။

အဆိုပါ ကော်မတီအစည်းအဝေး တွင် ကရင်အမျိုးသားအစည်းအရုံး KNU ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန် အပါ အဝင် ကော်မတီအဖွဲ့ဝင် ၅၂ ဦးတွင် ကရင်ပြည်နယ်တွင်းရှိ လက်နက်ကိုင်အ ဖွဲ့အစည်း ခေါင်းဆောင်များ၊ ဘာသာ ရေးခေါင်းဆောင်များ၊ ပါတီခေါင်း ဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်များ ပါဝင်သည်။