မြန်မာနိုင်ငံအနှံ့ ကောက်ခံလျက်ရှိသော သန်းခေါင်စာရင်းလုပ်ငန်းစဉ်တွင် အာဏာပိုင်များသည် အချို့သူ များအား သန်းခေါင်စာရင်းပုံစံတွင် ၎င်းတို့သတ်မှတ်ဖြည့်သွင်းလိုသည့် လူမျိုးအဖြစ် အချက်အလက် ဖြည့် သွင်းခွင့်မပေးသဖြင့် မြန်မာအစိုးရသည် နိုင်ငံတကာစံနှုန်းများကို ချိုးဖောက်နေသည်ဟု ကုလသမဂ္ဂလူဦး ရေရန်ပုံငွေအဖွဲ့ (UNFPA) က စွပ်စွဲခဲ့သည်။
သန်းခေါင်စာရင်းပုံစံလွှာအတွက် အချက်အလက်ဖြည့်သွင်းဖြေကြားသူအချို့အား ၎င်းတို့ကိုယ်တိုင် သတ်မှတ်ကြေညာလိုသော လူမျိုးအဖြစ် ဖြည့်သွင်းခွင့်မပေးခဲ့ခြင်းသည် သန်းခေါင်စာရင်းအချက်အလက်များ၏ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေနိုင်ကြောင်းလည်း UNFPA က ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။
ပုံစံလွှာထဲတွင် မိမိကိုယ်ကိုယ် “ရိုဟင်ဂျာ” ဟု သတ်မှတ်ထည့်သွင်းလိုသူများအား ထိုကဲ့သို့ ထည့်သွင်းခွင့် မပေးရန် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ UNFPA အနေဖြင့် လေးလေးနက်နက် စိုးရိမ်မိ ကြောင်း ကြေညာချက်တွင် ပါရှိသည်။
သန်းခေါင်စာရင်းကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် သဘောတူညီချက်ထဲတွင်မူ၊ မြန်မာအစိုးရသည် သန်းခေါင်စာရင်း ကောက်ယူမှု နိုင်ငံတကာစံနှုန်းများ၊ လူ့အခွင့်အရေးဆိုင်ရာ အခြေခံစည်းမျဉ်းများနှင့် အညီ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကတိပေးထားခဲ့သည်ဟု ဆိုသည်။
“မိမိကိုယ်ကိုမိမိ သွေးနှော(ကပြား)အဖြစ် ဖြည့်သွင်းလိုသောသူများအပါအဝင် မည်သူမဆို ၎င်းတို့နှင့် သက်ဆိုင်သောလူမျိုးကို ကိုယ်တိုင် သတ်မှတ်ကြေညာနိုင်ခွင့် ရှိရမည်ဟူသော စည်းကမ်းချက်ကို မြန်မာ အစိုးရက သဘောတူခဲ့ပါသည်”ဟုလည်း UNFPA က ဆိုသည်။
စာရင်းထဲတွင်ပါရှိသော လူမျိုးများထဲမှ တစ်ခုနှင့်မျှ သက်ဆိုင်ခြင်းမရှိသောသူ တစ်ဦးသည် ၎င်းနှင့်သက် ဆိုင်သောလူမျိုးကို ကိုယ်တိုင်ကြေညာနိုင်ခွင့်ရှိရမည်ဖြစ်ပြီး၊ ယင်းသို့ သတ်မှတ်ကြေညာသည့်အတိုင်း စာရင်းသွင်းဝန်ထမ်းက စာရင်းသွင်းပေးရမည်ဟုလည်း UNFPA က ဆိုထားသည်။
လူမျိုးနေရာတွင် ရိုဟင်ဂျာဟု သတ်မှတ်ဖြည့်သွင်းလိုသူများအနေဖြင့် ထိုကဲ့သို့ ဖြည့်သွင်းခွင့် ရှိလိမ့်မည် မဟုတ်ဟု သန်းခေါင်စာရင်းကောက်ခံမှု စတင်ခါနီးအချိန်ရောက်မှ ထိပ်တန်းအရာရှိများက ကြေညာခဲ့ သည််။
“သန်းခေါင်စာရင်းကောက်ယူမှု နိုင်ငံတကာစံနှုန်းများ၊ လူ့အခွင့်အရေး အခြေခံစည်းမျဉ်းများနှင့် သဘော တူညီထားသော လုပ်ထုံးလုပ်နည်းများမှ ရှောင်ခွာသွားခြင်းအတွက် လေးလေးနက်နက် စိုးရိမ်မိပါသည်” ဟု UNFPA က ဆိုသည်။
ရိုဟင်ဂျာဟု သတ်မှတ်ဖြည့်သွင်းခွင့် မပေးခြင်းသည် ရခိုင်ပြည်နယ်တွင် တင်းမာမှုများ မြင့်တက်လာစေ နိုင်သလို၊ ကောက်ခံခဲ့သော သန်းခေါင်စာရင်းအချက်အလက်များ၏ ယုံကြည်စိတ်ချရမှုကိုလည်း လျော့ပါးသွားစေလိမ့်မည်ဟု သန်းခေါင်စာရင်းကောက်ယူရန်အတွက် နည်းပညာအကူအညီများပေးခဲ့သော UNFPA က ဆိုသည်။
မြန်မာအစိုးရသည် အသက်များနှင့်ဘဝများကို အကာအကွယ်ပေးခြင်းနှင့် အကြမ်းဖက်မှုများ မဖြစ်ပွားအောင် တားဆီးကာကွယ်ခြင်းတို့ကို အဓိက ဦးစားပေးဆောင်ရွက်ကာ ရိုဟင်ဂျာဟု သတ်မှတ်ရန် ရွေးချယ်ထားသူများ အပါအဝင် လူတိုင်း၏ လူ့အခွင့်အရေးများကို အပြည့်အဝ လေးစားကာကွယ်ပေးလိမ့် မည်ဟု UNFPA က မျှော်လင့်ကြောင်းလည်း ဖော်ပြထားသည်။