သုံးရက်တာကျင်းပသော အာဆီယံလူငယ်ဖိုရမ်အပြီးတွင် အာဆီယံဒေသတွင်းလူငယ်များအကြား တူညီ သော အားနည်းချက် ခုနစ်ချက်ကို ဘုံသဘောတူညီစွာ ထုတ်ပြန်နိုင်ခဲ့သည်ဟု မတ်လ ၁၉ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍပါ၀င်မှု၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ အရှေ့တောင်အာရှနိုင်ငံများတွင် လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ နိုင်ငံ တကာစံချိန်စံညွှန်းနှင့်မကိုက်ညီသော လုပ်ခလစာရရှိမှု၊ ပညာရေးစနစ်နိမ့်ကျမှု၊ ကျား၊ မ ရေးရာတွင် ခွဲ ခြားဆက်ဆံခံရမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု စသည့် ခုနစ်ချက်သည် အာဆီယံဥက္ကဋ္ဌအဖြစ် အ လှည့်ကျတာဝန်ယူထားသော မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံတွင် ကြံုတွေ့နေရသော အား နည်းချက်များဖြစ်သည်။
“အရှေ့တောင်အာရှမှာ ကြံုတွေ့ရတာနဲ့ပတ်သက်ပြီး တူညီမှုတွေရှိတယ်။ ပညာရေးနဲ့ ပတ်သက်ရင် လည်း အရေအတွက်အားဖြင့် ဘွဲ့ရလူငယ်တွေကို မွေးထုတ်ပေးနိုင်ခဲ့ပြီးတော့ အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေ ရှားပါးတယ်။ ကျောင်းပညာရေး မူဝါဒ ပြောင်းလဲဖို့လိုတယ်။ လူငယ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်”ဟု ကမ္ဘောဒီးယားနိုင်ငံကိုယ်စားပြု တက်ရောက်လာသော အမျိုးသားလူငယ်တစ်ဦး၏ ပြောဆိုချက်ကို မပွေးယုမွန်ကတစ်ဆင့် ဘာသာပြန်ပြောသည်။
အာဆီယံလူငယ်ဖိုရမ်ကို အာဆီယံလူ့အသိုက်အဝန်း တည်ဆောက်ရေးတွင် အဓိပ္ပာယ်ပြည့်ဝသော လူ ငယ်ထု၏ ပါ၀င်ဆောင်ရွက်နိုင်မှုကို မြှင့်တင်ရန်၊ အာဆီယံလူငယ်များအကြား နယ်စည်းမခြားဘဲ ရင်းနှီး ချစ်ကြည်မှု တိုးမြှင့်ရန်၊ အာဆီယံဒေသတွင်း လူငယ်များ ရင်ဆိုင်ကြံုတွေ့နေရသော ပြဿနာများကို ဝေမျှ၍လုံလောက် အကျိုး ရှိမည့် ပြဿနာဖြေရှင်းနည်းလမ်းများနှင့် အကျိုးကျေးဇူးများ၊ ရလဒ်များကို အတူတကွ ဖော် ထုတ်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်သည်။