အလုပ်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း ကျော်လွန်၍ ထိုင်းနိုင်ငံတွင်း ဆက်လက်နေထိုင်သော မြန်မာများ အတွက် သက်ညှာစွာ စဉ်းစားပေးမည်ဖြစ်သည်ဟု ထိုင်းနိုင်ငံအစိုးရက တရားဝင်ထုတ်ဖော် ပြောဆိုသည် ဟု မတ်လ ၄ ရက်ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် ရေးသားဖော်ပြသည်။
အလုပ်သမားခန့်ထားရေး ညွှန်ချုပ် Prawit Khinegpol က လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ကိုယ်စားလှယ်များ၊ တော်ဝင်ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
အလုပ်လုပ်ကိုင်ခွင့် လေးနှစ် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သော မြန်မာလုပ်သားများကိစ္စမှာအလုပ်သမား များ၏ အပြစ်လည်း မဟုတ်သကဲ့သို့ အလုပ်ရှင်များ၏ အပြစ်လည်းမဟုတ်ဟု ၎င်းကဆိုသည်။
အလုပ်သမားများသည် ဒေသဆိုင်ရာ အလုပ်သမားရုံးများတွင် မိမိတို့၏လုပ်ကိုင်ခွင့် အထောက်အထား စာရွက်စာတမ်းများကိုပြ၍ ဗီဇာသက်တမ်း တိုးနိုင်သည်။ အလုပ်သမားများကိုသော်လည်းကောင်း၊ အလုပ် ရှင်များကိုသော်လည်းကောင်း တရားစွဲဆိုမည် မဟုတ်ဟုလည်း ၎င်းကပြောကြားသည်။
လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ထိုင်းရဲဌာနကို မြန်မာဗီဇာ သက်တမ်းလွန် လုပ်သမားများအား ဖမ်းဆီးခြင်း မပြုရန် ပြောကြားထားမည်ဟု သိရှိရသည်။ ယခု လောလောဆယ် ရက်ကျော်လွန် နေထိုင်မှုဖြင့် ဒဏ်ငွေ တပ်ခံနေရသူများအားလည်း ပြစ်ဒဏ်များ လျှော့ပေါ့ရန် စဉ်းစားမည်ဟု ဆိုသည်။ ပြစ်ဒဏ်မှာ တစ်ရက် လျှင် ဘတ်ငွေ ၅၀၀ မှ ၂၀၀၀၀ အထိ ဒဏ်ငွေဆောင်ရနိုင်သည်။
တပ်ခရိုင် မဲဆောက်၊ ချင်းမိုင်ဒေသ မဲဆောက်နှင့် ရနောင်းဒေသများတွင် အလုပ်အကိုင် ရှာဖွေနေကြ သော မြန်မာများအတွက် တစ်ထိုင်တည်းနှင့် ဆောင်ရွက်ပေးမည့် ရုံးများ ဖွင့်လှစ်ထားသည်။နေ့စား လာရောက် လုပ်ကိုင်နေသူများကို ရ ရက်ထက်ကျော်လွန်၍ နေထိုင်ခွင့်နှင့် စိုက်ပျိုးရေးနှင့် နယ်စပ်ဒေသများ တွင်လုပ်ကိုင် နေကြသူများကိုလည်း နေထိုင်ခွင့် တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ရန် အစိုးရအဖွဲ့၏သဘောတူခွင့်ပြု ချက် တောင်းခံမည်ဟု အလုပ်သမားဝန်ကြီးဌာနက ပြောဆိုသည်။
မြန်မာအလုပ်သမားများ၏ နေထိုင်ခွင့်ကို သုံးလအထိ တိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး၊ ကျန်းမာရေးနှင့် ဆေးစစ် မှုများခံယူနိုင်မည်ဖြစ်ကြောင်း အလုပ်သမားခန့်ထားရေး ညွှန်ချုပ် Prawit က ပြောသည်။ ယင်းတွေ့ဆုံပွဲတွင် ပင်လယ်နားနီး ပြည်နယ် ၂၂ ပြည်နယ်မှ ငါးဖမ်းလုပ်ငန်းရှင်များလည်း တက်ရောက်ဆွေးနွေးသွားခဲ့ သည်။ မြန်မာအလုပ်သမားများအနေဖြင့် နေထိုင်ခွင့်တိုးမြှင့်ပေးရေးကို မေ ၁ ရက် နေ့အထိ တောင်းခံနိုင်မည်ဖြစ် သည်။
အလုပ်ရှင်များက ၎င်းတို့၏ အလုပ်သမားများကို မှတ်ပုံတင်ပေးနိုင်မည်ဖြစ်သလို ရက်ကျော်နေထိုင်ခြင်းမှ လည်း သက်သာစေမည်ဖြစ်ကြောင်း Prawit က ပြောသည်။ယင်းသို့ လုပ်ဆောင်ခြင်းကြောင့် စီးပွားရေး ကဏ္ဍကောင်းမွန်မည်ဖြစ်ပြီး နောက်အစိုးရသစ် ပေါ်ပေါက်သည့်အထိ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Aramw attananot က ပြောသည်။