ကလေးမြို့ကို ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၆ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကိုင်းတိုင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် နာရီဝက်ခန့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယခုအခါ စစ်ကိုင်းတိုင်းရှိ ပါတီလူငယ်အဖွဲ့များနှင့် အစည်းအဝေး ကျင်းပလျှက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် ပါတီဝင်များနှင့် အစည်းအဝေးပြုလုပ်
ကလေးမြို့ကို ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၆ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကိုင်းတိုင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် နာရီဝက်ခန့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယခုအခါ စစ်ကိုင်းတိုင်းရှိ ပါတီလူငယ်အဖွဲ့များနှင့် အစည်းအဝေး ကျင်းပလျှက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကလေးခရီးစဉ်အား ကြိုဆိုနေသော ကလေးပြည်သူလူထုကို ဇန်နဝါရီလ ၆ရက် နေ့လည်ပိုင်း ကတွေ့ရစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ၊ ရာမည) ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်သို့ ဇန်နဝါရီ ရ ရက်မှ ၉ ရက်အထိ သွားရောက်ရန် စီစဉ်ထားပြီး တီးတိန်မြို့နယ်၊ ဖလမ်းမြို့ နယ်များတွင် အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။
ကလေးမြို့သို့ ဇန်နဝါရီလ ၆ရက် ၂နာရီ ၄၅မိနစ်ခန့်က ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်သည် သူမတည်းခိုမည့် ကလေးမြို့ ဗိုလ်ချုပ်လမ်းရှိ ရှင်းဟုန်ဟိုတယ် အပေါ်ထပ်တွင် နှစ်မိနစ်ခန့် နှုတ်ဆက်စကား ပြောကြားနေစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ၊ ရာမည) ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်သို့ ဇန်နဝါရီ ရ ရက်မှ ၉ ရက်အထိ သွားရောက်ရန် စီစဉ်ထားပြီး တီးတိန်မြို့နယ်၊ ဖလမ်းမြို့ နယ်များတွင် အခြေခံ ဥပဒေဆိုင်ရာ ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။

ကလေးပြည်သူများကို ဒေါ်အောင်ဆန်းစုကြည်နှုတ်ဆက်စကားပြော
ကလေးမြို့သို့ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံတစ်သောင်းကျော်ကို ကလေးမြို့၊ ဗိုလ်ချုပ်လမ်းရှိ ရှင်းဟုန်ဟိုတယ် အပေါ်ထပ်တွင် နှစ်မိနစ်ခန့်နှုတ်ဆက်စကားပြောဆိုသွားသည်ဟု မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။
ဒေသခံများကလည်း “၂ဝ၁၅ အမေစု သမ္မတဖြစ်ပါစေ” ဟူသည့် ဆိုင်းဘုတ်များကိုကိုင်ထားပြီး “အမေစု သမ္မတဖြစ်ပါစေ” ဟု အော်ဟစ်နေကြသည်ဟု မဇ္ဈိမအယ်ဒီတာကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်သို့ ဇန်နဝါရီ ရ ရက်မှ ၉ ရက်အထိ သွားရောက်ရန် စီစဉ်ထားပြီး တီးတိန်မြို့နယ်၊ ဖလမ်းမြို့ နယ်များတွင် အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။ ကလေးမြို့သို့ ဒီဇင်ဘာ ၁ဝ ရက် နံ နက်ပိုင်း ပြန်လည်ရောက်ရှိ ချိန်တွင် လူထုဟောပြောပွဲ ကျင်းပမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ရန်ကုန်သို့ လေ ကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ကလေးမြို့ကိုရောက်ပြီ
ချင်းပြည်နယ်ခရီးစဉ်သို့သွားရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၆ ရက် မွန်းလွှဲ ၂နာရီ ၄၅မိနစ်တွင် စစ်ကိုင်းတိုင်း ကလေးလေဆိပ်သို့ Air KBZ လေကြောင်း လိုင်းဖြင့်ရောက်ရှိနေပြီဟု မဇ္စျိမအယ်ဒီတာက တယ်လီဖုန်းဖြင့် သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကလေးလေဆိပ်နှင့် တစ်မိုင်ခန့်ဝေးသည့် ရှင်းဟုန်ဟိုတယ်သို့ မော်တော်ယာဉ် ဖြင့်ထွက်ခွာသွားရာ လမ်းဘေးဝဲယာတွင် ကြိုဆိုနေကြသည့်ဒေသခံများပြည့်နှက်နေသည်ဟု မဇ္ဈိမအယ်ဒီ တာကပြောသည်။
ကြိုဆိုသူများက “အမေစု သမ္မတဖြစ်ပါစေ” ဟု ကြွေးကြော်သံများကိုလည်း တယ်လီဖုန်းမှတစ်ဆင့်ကြား နေရသည်။