တိုင်းရင်းသားပါတီကိုယ်စားလှယ်အချို့ ထပ်မံပူးပေါင်းပါ၀င်၍ ဖက်ဒရယ် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ ဖွဲ့စည်းခြင်းသည် အင်းအားကြီးပါတီများကို ယှဉ်ပြိုင်ရန်ရည်ရွယ်ခြင်းမဟုတ်ဟု မဟာမိတ်အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေက ဒီ ဇင်ဘာ ၁၅ ရက်တွင် မဇိ်္စျမကို ပြောသည်။
ဦးခင်မောင်ဆွေက “ပုံမှန်အားဖြင့်ကြည့်ရင်တော့ ဒီလိုထင်စရာရှိတယ်။ အင်အားကြီးပါတီတွေကပဲ ပြည်သူတွေအတွက် နိုင် ငံရေးကို လုပ်ပြနေတာမဟုတ်ဘဲနဲ့ ကျွန်တော်တို့ ပါတီငယ်လေးတွေ စုစည်းတယ်။ တိုင်းရင်းသားပါတီ တွေလည်း ပါတယ်ဆိုတော့ အင်အား ပိုကြီးသွားတာပေါ့။ ကျွန်တော်တို့ပါတီတွေ ကနေပြီးတော့ ပြည်သူ တွေအကျိုးရှိမယ့် နိုင်ငံရေးလမ်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ချင် တဲ့အတွက်ပါ” ဟု ပြောသည်။
ပါတီ ၁၁ ခု ပါ၀င်သည့် မဟာမိတ်အဖွဲ့ကို မူလ ဒီမိုကရေစီ မိတ်ဆွေပါတီဝင်ပါတီများ ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီနှင့် ကရင် ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီတို့ ပူးပေါင်းထားခြင်းဖြစ်သည်။
ဒီမိုကရေစီမိတ်ဆွေပါတီများတွင် ယခင်က ၁၀ ပါတီရှိခဲ့ပြီး ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း အဖြစ် စုပေါင်းတည်ထောင်ခဲ့သည့် တိုင်းရင်းသားပါတီ ငါးပါတီ နုတ်ထွက်သွားသဖြင့် လက်ရှိတွင် ငါးပါ တီသာ ကျန်ရှိတော့သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းအမျိုးသားပါတီ။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ တို့ နုတ်ထွက်သွားခြင်း ဖြစ်သည်။