အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်ပူးပေါင်းပါဝင်ရေး ကြိုးပမ်းမည်ဟုဆို

အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်ပူးပေါင်းပါဝင်ရေး ကြိုးပမ်းမည်ဟုဆို
by -
မဇ္ဈိမ

အမျိုးသားပြန်လည်သင့်မြတ်ရေးညီလာခံ ကျင်းပနိုင်ရန် အကောင်အထည်ဖော်မည့် ကော်မတီ၏ ဦးစားပေးလုပ်ငန်းစဉ်သည် အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်တို့ ပူးပေါင်းပါ၀င်လာရေးဖြစ်သည်ဟု ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေး ကော်မတီဝင် ဦးတိုးကျော်လှိုင် က ဒီဇင်ဘာ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ဒီကော်မတီကနေ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ ပူးပေါင်းပါ၀င်လာဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။

အဆိုပါကော်မတီကို လာမည့် ရက်သတ္တပတ်အတွင်းဖွဲ့စည်းသွားမည်ဖြစ်ပြီး ကျောင်းသား၊ လူငယ်၊ နိုင်ငံရေး၊ လူမှုရေး၊ တိုင်းရင်းသားလက်နက်ကိုင်များ စသဖြင့် ကဏ္ဍအသီးသီး၊ အင်အားစုအသီးသီးမှ ကိုယ်စားပြုနိုင်မည့် ပုဂ္ဂိုလ်များကို အဓိကထားစုစည်းသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

ညီလာခံ အကောင်အထည် ဖော်ရေးကော်မတီဖွဲ့စည်းနိုင်ရန် ပြင်ဆင်ရေးအဖွဲ့ဝင် ၁၇ ဦးဖြင့် ဆောင်ရွက် သွားရန် စီစဉ်ထားပြီး ဒီဇင်ဘာလ ၁၄ရက်တွင် ရန်ကုန်မြို့ရှိ ၈၈မျိုးဆက်ကျောင်းသားများအဖွွဲ့၊ ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းတွင် အစည်းအဝေးကျင်းပရန်ရှိသည်။

 “ပြင်ဆင်ရေးအဖွဲ့အစည်းဝေးပြီးရင် ၈၈နဲ့တွေ့ဆုံထားတဲ့အဖွဲ့အစည်း ၁၀၀ ကျော်ကို ရန်ကုန်ကို ဖိတ်ကြား ပြီး အားလုံးသဘောတူလက်ခံတဲ့ ညီလာခံအကောင်အထည်ဖော်ရေး ကော်မတီဝင်တွေကို ရွေးချယ်သွား မှာပါ”ဟု ဦးတိုးကျော်လှိုင်က ပြောသည်။

ညီလာခံပြင်ဆင်ရန် ရှစ်လေးလုံးငွေရတုကျင်းပစဉ်က ရရှိထားသည့် အလှူငွေ များထဲမှ သိန်းနှစ်ရာကို ရန်ပုံငွေ အဖြစ်ထားရှိမည်ဖြစ်သည်။

Most read this week