နိုဝင်ဘာလအတွင်းတရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မကာအို အထူးအုပ်ချုပ်ရေးခွင့်ရဒေသတို့မှ လူကုန်ကူးခံရ သူအမျိုးသမီး ၁၅၀ဦးကို မြန်မာနိုင်ငံသို့ပြန်လည်လွှဲပြောင်းရယူခဲ့ပြီးဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးကာ ကွယ်ရေးအဖွဲ့(ဗဟို)မှ ရဲမှူးအေးအေးမြင့်က မဇ္စျိမကို ပြောသည်။
အဆိုပါလွဲပြောင်းယူလိုက်သည့်လူကုန်ကူးခံရသည်အမျိုးသမီးများသည် အသက် ၁၈ နှစ်မှ ၃၀ ကြား အမျိုးသမီးများဖြစ်ပြီး ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရင်း လူကုန်ကူးခံရခြင်းဖြစ်သည်။ အဆိုပါအမျိုးသမီးများ သည် တရုတ်နို်င်ငံမှ ၁၀၈ ဦး၊ ထိုင်းနို်င်ငံမှ ၄၁ ဦးနှင့်မကာအိုအထူးအုပ်ချုပ် အုပ်ချုပ်ခွင့်ရဒေသမှ ၁ ဦး တို့ဖြစ်သည်။ မကာအိုအထူးအုပ်ချုပ်ရေးခွင့်ရဒေသမှ နိုဝင်ဘာပထမအပတ် အတွင်းလည်းကောင်း၊ ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံမှ နိုဝင်ဘာလကုန်ပိုင်းတွင် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။
လွဲပြောင်းပေးအပ်သည ့်လူကုန်ကူးခံရသည့်အမျိုးသမီးများသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှ အများဆုံးဖြစ်သည်။
လူမှုဝန်ထမ်းဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်ထွန်းခိုင်က “ ရွှေပြောင်းလုပ်သား အဖြစ်လုပ် ကိုင် ရင်းနဲ့ လူကုန်ကူးခံရတာများတယ်”ဟု ပြောသည်။
ရဲမှူးအေးအေးမြင့်က “ မကာအိုကပြန်လွှဲပေးတဲ့ အမျိုးသမီးလေးက ရွှေလီမှာအထည်ရောင်းရင်းနဲ့ သူ့ သူငယ်ချင်းတရုတ်အမျိုးသမီးခေါ်သွားလို့ မကာအိုကိုရောက်သွားတာ၊ ပြည်တန်ဆာအဖြစ် ရောင်းစားခံနေရတာကို မကာအိုရဲတပ်ဖွဲ့က တွေ့ပြီး လေကြောင်းနဲ့ ပြန်လွှဲပေးခဲ့တာပါ ၊ တရားခံတော့မမိ သေးဘူး”ဟု ပြောသည်။
လူကုန်ကူးခံရသူများကို ထိုင်း၊တရုတ်နယ်စပ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့က မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးစီမံချက်အရ နို််င်ငံတကာနှင့် ပူပေါင်းကယ်ဆယ်ခဲ့ပြီး မိဘရပ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
နိ၀င်ဘာလအတွင်းကလည်း လူကုန်ကူးခံရသူအမျိုးသမီး ၁၂ ဦးရှိခဲ့ပြီး ရန်ကုန်တို်င်းမှ ငါး ဦး၊ ရှမ်း ပြည်နယ်မှ သုံး ဦး၊ တနသာင်္ရီတိုင်းမှ သုံး ဦးနှင့်ဧရာဝတီတိုင်းမှ တစ် ဦးဖြစ်တို့ လူကုန်ကူးခံထားရကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့(ဗဟို)မှ သိရသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ လူကုန်ကူးခံရသူ အမျိုးသမီး ၁၁၉ ဦးရှိပြီးလူကုန်ကူးခံရသူ အမျိုးသမီး ၄၄ ဦး တရုတ်နိုင်ငံမှ ရ၅ ဦး ပြန်လည်လွဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ ၂၀၁၂ခုနှစ်တွင် ပြည်ပမှ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် လူကုန်ကူးခံရသူ အမျိုးသမီးများတွင် တရုတ်နိုင်ငံမှ ၁၉ ဦး၊ ထိုင်းနိုင်ငံမှ ၁၃ ဦး ရှိခဲ့သည်။ ၂၀၁၂ခုနှစ်တွင် တရုတ်နိုင်ငံသို့ အမျိုးသမီးများကို အဓမ္မလက်ထပ်ရန် ပို့ဆောင်မှု ၆၉ မှုနှင့် ပြည့်တန်ဆာဖြင့် စေခိုင်းမှု ၁၅မှုတို့ ပါဝင်နေသည်။