မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းအသုံးပြုမှု အများဆုံး ငါးနိုင်ငံတွင် အဆင့်(၃)နေရာတွင် ရှိနေကြောင်း အ ပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း တားဆီးရေးအဖွဲ့စည်းအဖွဲ့ International To Campaign Band & Landmines (ITCBL) က မြန်မာနိုင်ငံ မြေမြှုပ်မိုင်းသုတေသနစစ်တမ်း ကောက်ယူမှုပြုလုပ်လုပ်နေသူ Mr. Yeshua Moser Puangsuwan က နို၀င်ဘာ ၂၆ တွင် ပြောကြားလိုက်သည်။
ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းတားဆီးရေးအဖွဲ့ITCBL ၏ သတင်းစာရှင်းလင်းပွဲတွင်Mr. Yeshua Moser က ပြောကြားသွားခြင်း ဖြစ်သည်။
“မြေမြှုပ်မိုင်းအသုံးပြုမှု တားဆီးရေးအဖွဲ့မှာ လက်မှတ်ထိုး ပါ၀င်နိုင်ခြင်းမရှိတဲ့ အချိန်မှာတောင် တတိယ နေရာမှာ ရှိနေတယ်ဆိုရင် လက်မှတ်ထိုး ပါ၀င်လာရင် ဒုတိယအများဆုံးနေရာလောက်အထိ မြင့်တက် လာနိုင်တယ်။ အမေရိကန်နိုင်ငံလုပ် မိုင်းတွေကို ခွင့်ပြုချက်မယူဘဲ ကပစ ကနေ ထုတ်လုပ်အသုံးပြုနေ တာကိုလည်း တွေ့ရတယ်”ဟုMr. Yeshua Moser က ဆိုသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက်အထိ နိုင်ငံပေါင်း ၁၆၁ နိုင်ငံမှ မြေမြှုပ်မိုင်းတားဆီးရေး သဘော တူညီမှုစာချုပ်ကို ရေးထိုးထားသော်လည်း လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနေနှင့် ပါ၀င်မှု မရှိသေးပေ။
မြေမြှုပ်မိုင်းအသုံးပြုမှု အများဆုံး နိုင်ငံများမှာ အာဖဂ္ဂနစ္စတန်၊ ကိုလန်ဘီယာ၊ မြန်မာ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းအသုံးပြုခြင်းကို (၁၉၉၉ မှ ၂၀၁၃ ထိ) ၁၄ နှစ်အတွင်း စစ်တမ်းကောက်ယူခဲ့ရာတွင် လူပေါင်း ၃,၃၀၀ ခန့် ထိခိုက်ခဲ့ပြီဟု ITCBL မှတ်တမ်းများတွင် ဖော်ပြထားသည်။
မြေမြှုပ်မိုင်းအသုံးပြုမှု လျှော့ချရေးကို မြန်မာနိုင်ငံ ပြည်တွင်းလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့စည်းများ အနေဖြင့် ငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူ ဆွေးနွေးမှုများပြုလုပ်ပြီးပါက ပြည်တွင်းစစ် ကြောင့် ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေကြသော ဒုက္ခသည်များ နေရပ်ပြန်ပို့ပြီးနောက် ဆက်လုပ်ရ မည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ပြည်ထောင်စု ငြိမ်းချမ်းမှုဖော်ဆောင် ရေးအဖွဲ့မှ အကြံပေး ဒေါက်တာဦးမင်းဇော်ဦးက လုပ်ငန်းစဉ်ကို ပြောသည်။
“မြေမြှုပ်မိုင်းအသုံးပြုမှု လျှော့ချဖို့အတွက်ဆိုရင် အစိုးရရော၊ လက်နက်ကိုင်ရော ထပ်ပြီး မထောင်ဖို့ လို မယ်။ နောက်ပြီး ငွေရယ်၊ အချိန်ရယ် ယူပြီး လုပ်ရမှာဖြစ်တယ်။ တစ်ခုကောင်းတာက ကရင်ပြည်နယ် ဘက်မှာတွေ့ရတဲ့ မိုင်းအမျိုးအစားတွေက လက်လုပ်မိုင်းကို ဓာတ်ခဲထောင်ပြီး အသုံးပြုကြတာဖြစ်တဲ့ အတွက် အချိန်တွေကြာရင် အန္တရာယ်ပိုင်းဆိုင်ရာတော့ နည်းသွားနိုင်တယ်။ လက်နက်ကိုင် အဖွဲ့စည်း တွေနဲ့ မြေမြှုပ်မိုင်းရှင်းဖို့ နှုတ်ကတိ သဘောတူညီမှုတွေ ရရှိထားပါပြီ”ဟု ဦးမင်းဇော်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းအသုံးပြုမှုများကို အစိုးရတပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့စည်းများက အ သုံးပြုနေကြပြီး အစိုးရအနေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားဒေသများတွင် မြေမြှုပ်မိုင်း အသုံးပြုမှု များကို ပြုလုပ်ရခြင်းမှာ ခံစစ်အနေဖြင့် အသုံးပြုသည်ဟု သိရပြီး ထိခိုက်မှုအခံရဆုံးမှာ ပြည်သူများဖြစ်၍ မြေမြှုပ်မိုင်းအသုံးပြုမှု တားဆီးရေးလုပ်ငန်းများကို ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုပြုလုပ်ပြီး မိုင်းကာကွယ် ရေးပညာပေးများကိုပါ ပြုလုပ်သင့်ကြောင်း ITCBL က ထောက်ပြထားသည်။