နိုင်ငံရေးဆွေးနွေးပွဲတွင် မိတ်ဖက်များရရှိစေရန် ရည််ရွယ်ချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီ ၁၁ ပါတီတို့ တွေ့ရန် အစိုးရမှ စီစဉ်ပေးသည့် ချင်းမိုင်တွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံး အတိုင်း အတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးမူကြမ်းအား အဓိကထား ရေးဆွဲရန် တိုင်းရင်းသား အဖွဲ့အ စည်းအားလုံးတို့နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဆလွတ်ဂွန်မော်က နို၀င်ဘာ ၂၁ ရက်တွင် မဇိ်္စျမသို့ ပြောဆိုလိုက်သည်။
တိုင်းရင်းသားများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု စာချုပ်မူကြမ်းအား လိုင်ဇာတိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ညှိ နှိုင်းရေးဆွဲခဲ့သော်လည်း ခေါင်းစဉ်အချက် ၁၁ ချက်သာ ရှိသေးသည်။ ခေါင်းစဉ်များအောက်မှ အသေး စိတ်အချက်အလက်များအား နိုဝင်ဘာလ ၂၂၊ ၂၃ရက်တို့တွင် ပြုလုပ်မည့် ချင်းမိုင်တွေ့ဆုံပွဲတွင် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ ရေးဆွဲသွားမည်ဖြစ်သည်။
ချင်းမိုင်သို့ တစ်ပတ်တာ သွားရောက်မည့် ဗိုလ်ချုပ်ဂွန်မော်က ချင်းမိုင်တွင် အစိုးရ၏ ပထမဦးဆုံးအကြိမ် စီစဉ်ပေးမှုဖြစ်သည့် တိုင်းရင်းသားပါတီများ၊ နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး မူကြမ်းကိစ္စ နှင့်ပတ်သက်၍ “အဓိကရည်ရွယ်ချက်ကတော့ NCCT ရဲ့လုပ်ငန်းစဉ်ကို အပြီး လုပ်ဆောင်ဖို့ ရည်ရွယ် ထားပါတယ်။ ရေးပြီးတာနဲ့ အားလုံးကို အသိပေးမှာပါ”ဟု ထိုင်းနိုင်ငံသို့ မထွက်ခွာမှီ နိုဝင်ဘာလ၂၁ရက် က ပြည်ပထွက်ခွာလေဆိပ်တွင် ပြောဆိုခဲ့သည်။
လိုင်ဇာတွင် ကျင်းပခဲ့သည့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲတွင် မူကြမ်း အပြီးသတ် ရေးဆွဲနိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ NCCT အား ဖွဲ့စည်းခဲ့ ပြီး ဗိုလ်ချုပ်ဂွန်မော်မှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။ NCCT ၏ အဓိက လုပ်ငန်း စဉ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး မူကြမ်းအား အပြီးသတ် ရေး ဆွဲရေး ဖြစ်သည်။
ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးနိုင်ရန် အစိုးရဘက်မှ ငြိမ်းချမ်းရေးမူကြမ်းအား တိုင်းရင်းသား အဖွဲ့အစည်းများထံသို့ ပေးပို့ထားပြီးဖြစ်ပြီး တိုင်းရင်းသားများဘက်မှလည်း လေ့လာဆဲဖြစ်သည်။ တိုင်း ရင်းသားများအနေဖြင့် အစိုးရဘက်မှ တင်သွင်းသည့် မူကြမ်းများသည် မိမိတို့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများအား အားနည်းပျောက်ကွယ်သွားစေရန် ရည်ရွယ်ထားသည်ဟု သုံုးသပ်ရကြောင်း မဇိ်္စျမသို့ ပြောဆိုထားသည်။
အစိုးရကပေးပို့ထားသော မူကြမ်းများတွင် တည်ဆဲဥပဒေအရဟူ၍လည်းကောင်း၊ လက်နက်ချရေး လမ်း စဉ် စသည်တို့သည် တိုင်းရင်းသားတို့ မလိုအပ်သည့် သဘောတူညီချက်များဖြစ်သည်ဟု ကယန်းပြည် သစ်ပါတီမှ ဗိုလ်မှူးကြီးစောလွင်က ဆိုထားသည်။
ဗိုလ်မှူးကြီးစောလွင်က “သူတို့ပြောနေတာက လက်နက်ချရေးလမ်းစဉ်၊ ကျွန်တော်တို့ ပြောနေတာက အပစ်အခတ်ရပ်စဲရေး လွဲနေပြီ”ဟု အစိုးရဘက်မှ မူကြမ်းအား သုံးသပ်ပြောဆိုသည်။
ကလို့ထူးဘောစစ်ဌာနချုပ်အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်ကလည်း အစိုးရ၏ မူ ကြမ်းသည် မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်များအား အားနည်းပျောက်ကွယ်သွားစေရန် ရည်ရွယ် သည့် အချက်များ ပါ၀င်နေပြီး ဒီမိုကရေစီမဆန်မှုများ ရှိနေသည်ကို တွေ့ရသဖြင့် ဆက်လက် ဆွေးနွေး ရန် လိုအပ်ဦးမည်ဟု မဇိ်္စျမသို့ ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက အစိုးရ ၏မူကြမ်းနှင့်ပတ်သက်၍ “မတူညီတာတွေ စုပေါင်းနေထိုင်တယ်ဆိုတာမှ ဒီမိုကရေစီဖြစ်တာမို့ ဆက် လက်ပြီး အဆင်ပြေအောင် ညှိနှိုင်းသွားပါမယ်၊ ညှိမှာမို့လို့လည်း အစိုးရအနေနဲ့ အကုန်လိုက်လျော လုပ် ဆောင်ပေးနေပါတယ်”ဟု ရှင်းပြသည်။
လိုင်ဇာ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားများ ညှိနှိုင်းရေး ဆွဲခဲ့သော တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်မူ ကြမ်းတွင် အခြေခံမူများ၊ အချက်ငါးချက် ပါ၀င်သော ရည်ရွယ်ချက်များ၊ အချက်ခြောက်ချက်ပါသည့် နှစ် ဘက် လက်ခံနိုင်သော နိုင်ငံရေးလမ်းပြမြေပုံများ ချမှတ်ခြင်း၊ အချက်ခြောက်ချက်ပါ၀င်သည့် တစ်နိုင်ငံ လုံးအပစ်ခတ်ရပ်စဲရေးတွင် အဓိကပါ၀င်ရမည့်အချက်များ၊ အချက်ရှစ်ချက်ပါ၀င်သည့် အကောင်အထည် ဖော်ခြင်း၊ အချက်နှစ်ချက်ပါ၀င်သည့် ယုံကြည်မှုတည်ဆောက်ရေးနှင့်စပ်လျဉ်းပြီး ဆောင်ရွက်ရမည့် အ ချက်များ၊ မတရားအသင်းများမှ ပယ်ဖျက်ပေးရေးနှင့် ဆက်စပ်အကြောင်းအရာများ၊ အချက်ကိုးချက်ပါ သည့်ဆွေးနွေးရေးအစီအစဉ်များ၊ လက်မှတ်ရေးထိုးခြင်း၊ အတည်ပြုခြင်း၊ အထွေထွေအချက်များစသည့် ခေါင်းစဉ်အချက် ၁၁ ချက် ပါ၀င်သည်။
လိုင်ဇာ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ကုန်နှင့် နိုဝင်ဘာလဆန်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ ခေါင်းစဉ် ၁၁ ချက်ကို ညှိနှိုင်းရေးဆွဲခဲ့သည်။ ကျန် အသေးစိတ်အချက်အလက်များအား ဆက်လက်ရေးဆွဲရန်အတွက် NCCT ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာ ၀န်ယူဆောင်ရွက်နေသည့် ဗိုလ်ချုပ်ဂွန်မော်သည် နိုဝင်ဘာလ ၂၁ ရက် နေ့လယ်တွင် ရန်ကုန်မှ ထိုင်း နိုင်ငံ ချင်းမိုင်သို့ ထွက်ခွာရောက်ရှိသွားပြီဖြစ်သည်။