ထိုင်းရောက် လေးနှစ်ဗီဇာပြည့်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ အစိုးရမှ တိကျသည့် မူဝါဒ အမြန်ဆုံးထုတ်ပြန်ပေးရန် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN က နို၀င်ဘာ ၁၁ ရက်တွင် ထပ်မံ တောင်းဆိုလိုက်သည်။
၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်ကစတင်၍ ယာယီနိုင်ငံကူးလက်မှတ်နှင့် ဗီဇာရရှိထားသော အလုပ်သမား များမှာ လေးနှစ်နေထိုင်ခွင့် ဗီဇာကုန်ဆုံးနေရာ ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်ကလည်း တောင်းဆိုချက် များ ထုတ်ပြန်ခဲ့သော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိသဖြင့် ထပ်မံ တောင်းဆိုလိုက် ခြင်းဖြစ်သည်ဟု MWRN ဥက္ကဋ္ဌဦးအောင်ကျော်က မဇ္စျိမသို့ ပြောသည်။
“နှစ်ဖက်နိုင်ငံက စက်တင်ဘာလ ၅ ရက်မှာ စည်းဝေးဆုံးဖြတ်ပြီးမှ နို၀င်ဘာလဆန်းမှာ အဲဒီမှာ အလုပ် သမားတွေကို နောက်ထပ်ဗီဇာပြန်တိုးပေးမယ်လို့ ကြေညာခဲ့တယ်။ ဒီနေ့ထိ ဘာမှမလုပ်ဆောင်ပေးသေး တဲ့အတွက်ကြောင့် အလုပ်သမားတွေ အောက်ခြေမှာ ကြံုတွေ့လာရမယ့် အခက်အခဲတွေ များပြားနေလို့ ထပ်ပြီး တောင်းဆိုတာပါ”ဟု ၎င်းက ဆိုသည်။
ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် လက်ရှိတွင် Over Stay နေ ထိုင်ကြရပြီး အလုပ်သမားအများစုမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများလည်း ဆိုးရွားလာ ကြောင်း ဦးအောင်ကျော်က ဆက်ပြောသည်။
“အလုပ်သမားတချို့ လစာဖြတ်ခံနေရတဲ့လူတွေလည်း ဖြတ်ခံနေရပြီ။ အလုပ်ရှင်တွေကလည်း တချို့ သက်တမ်းပြည့်ပြီးတဲ့ ပုဂ်္ဂိုလ်တွေကို ဆက်ထားရင် ဥပဒေချိုးဖောက်ရာကျမယ်ဆိုပြီးတော့ အလုပ်ထုတ် တာတွေလည်း ရှိလာပြီ။ နောက် ထိုင်းပွဲစား၊ မြန်မာပွဲစားတွေ တချို့ ပိုက်ဆံတောင်းသွားပြီး လုပ်လည်း မလုပ်ပေးတာတွေ ရှိတယ်။ ဗီဇာကုန်နေတဲ့လူတွေက သောင်းနဲ့ချီရှိပြီလို့ ပြောလို့ရမယ်။ အလုပ်သမား တွေက ကျီးလန့်စာစားနေသလို ခံစားနေရတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စမွန်စာခွန်၊ နွန်ထိဘူရီ၊ ချွန်ဘူရီနှင့် ဘန်ကောက်မြို့များတွင် လေးနှစ်ဗီဇာ သက်တမ်းကုန် ဆုံးသွားသော အလုပ်သမားများအား ပွဲစားများက ဗီဇာဆက်ပေးမည်ဟုဆိုကာ တစ်ဦးလျှင် ဘတ်ငွေ ၃၅၀၀ မှ ၅၀၀၀ ထိ လိမ်လည် တောင်းယူမှုများရှိနေသဖြင့် MWRN အဖွဲ့က အချက်ငါးချက်ပါ ထုတ်ပြန် ချက်နှင့်အတူ တောင်းဆိုလိုက်သည်။
လေးနှစ်ဗီဇာကုန်ဆုံးသည့် အလုပ်သမားများနှင့်ပတ်သက်၍ နှစ်နိုင်ငံဆွေးနွေးမှုများကျန်နေသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်က ပြောသည်။