မှတ်ပုံတင်မထားသည့် မြေသြဇာအမည်များ ထုတ်ပြန်

မှတ်ပုံတင်မထားသည့် မြေသြဇာအမည်များ ထုတ်ပြန်
by -
မဇ္ဈိမ

မှတ်ပုံတင်ထားခြင်းမရှိသော မြေသြဇာများစာရင်းကို မြေသြဇာကော်မတီက အောက်တိုဘာ ၂၀ ရက် ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြလိုက်ပြီး ယင်းသို့ မှတ်ပုံတင်ထားခြင်း မရှိသော မြေသြဇာများ ထုတ်လုပ်၊ဖြန့်ဖြူးတင်သွင်းမှုများ ပြုလုပ်ပါက တရားဥပဒေအရ အရေးယူသွားမည်ဟု မြေသြဇာကော်မတီက ထုတ်ပြန် သည်။

ယင်းသို့ မှတ်ပုံတင်ခြင်းမရှိသည့် မြေသြဇာ ၂၅မျိုးအား ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်း ချခြင်းများ၊ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက မြေသြဇာ ဥပဒေပုဒ်မ (၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅)တို့အရ အရေးယူမည်ဖြစ်သည်ဟုလည်း မြေသြဇာကော်မတီက ထုတ်ပြန်ထားသည်။

မြေသြဇာကော်မတီမှ အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းပြည့်မီသော မြေသြဇာများကို စိုက်ပျိုးရေးလုပ် ကိုင် သူများ လုပ်ကိုင်နိုင်ရန် ဓာတ်ခွဲစစ်ဆေးမှုများ စနစ်တကျ ပြုလုပ်ပြီး မြေသြဇာမှတ်ပုံတင် လက်မှတ်များ ထုတ်ပေးလျက် ရှိသော်လည်း စျေးကွက်အတွင်း မြေသြဇာဖြန့်ဖြူးခွင့်လိုင်စင်မရှိဘဲ ဖြန့်ဖြူး ရောင်းချနေ သူများ၊ မြေသြဇာမှတ်ပုံတင် လက်မှတ်မရှိသော မြေသြဇာများကို ရောင်းဝယ်မှုများ ရှိနေသည်ဟုလည်း ယင်းကော်မတီက ဆိုသည်။

ယင်းအပြင် ပြည်တွင်းတွင် မြေသြဇာကော်မတီ၌ မှတ်ပုံတင်ထားခြင်းမရှိသော မြေသြဇာများကို တနင်္သာရီ၊ ရန်ကုန်၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးတွေ့ရှိရသည်ဟုလည်း ကော်မတီမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက “မြေသြဇာမှတ်ပုံတင်ထားခြင်း မရှိတာတွေကို နယ်အထိ ဆင်းပြီး စစ်ဆေးမှုတွေကို ခပ်စိပ်စိပ် လုပ်နေပါတယ်။ တွေ့ရှိတာတွေဆို ဒါကိုမလုပ်ပါနဲ့လို့ အကြောင်းကြားစာပို့ပြီး သုံးလအထိ စောင့်ကြည့်ပါတယ်။ တရားစွဲတာတွေ ပြုလုပ်တာတွေ ရှိပါတယ်”ဟု ပြောသည်။

အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီမှု အာမခံချက်မရှိဟုဆိုကာ မြေသြဇာကော်မတီက ထုတ်ပြန်ထားသော စာရင်းတွင် ပါ၀င်သော မြေသြဇာများမှာ ပိုကာဒိုလိုမိုက် ကျောက်မှုန့်၊ အလံနီ(တရုတ်)ကွန်ပေါင်း မြေသြဇာ၊ ထူးဆန်း မြေသြဇာ၊ Compound ထိုင်းစာ (အဖြူနှင့် အစိမ်းရောင်အိတ်) Compound  ထိုင်းစာ(အဖြူနှင့် လိမ္မော်ရောင်အိတ်)၊ ထိုင်းစာ(အဖြူနှင့် ပန်းဆီရောင်အိတ်)၊ Compound ထိုင်းစာ(အဖြူနှင့် အပြာရောင် အိတ်) စက်ဝိုင်းအတွင်း နတ်သမီး ငါးယောက်ပုံပါ၊ Compound ထိုင်းစာ (အဖြူနှင့် အစိမ်း ရောင်အိတ်) စက်ဝိုင်းအတွင်း နတ်သမီးငါးယောက်ပုံပါ၊ Compound ထိုင်းစာ (အပြာရောင်အိတ်) စက် ၀ိုင်းအတွင်း နတ်သမီးငါးယောက်ပုံပါ၊ Compound ထိုင်းစာ၊ ရွှေလမင်းကျောက်မှုန့်၊ Khing Gypsum ၊ Compound Fertilizer (ကြက်ဖ)၊ Compound Fertilizer (သရဖူ)၊ Compound Fertilizer (နေ)၊ Co- mpound Fertilizer (Rising Sun)၊ ပန်းသီး၊ Compound Fertilizer (ဘီး)၊ YYP တို့ ပါ၀င်သည်။

အဆိုပါ စာရင်းမှာ နှစ်လတာကာလအတွင်း စစ်ဆေးတွေ့ရှိခြင်းဖြစ်သည်။

အဆိုပါ မြေသြဇာများကို ၀ယ်ယူသုံးစွဲမိသူများမှာ သီးနှံအထွက်နှုန်းများ ထိခိုက်လျော့နည်းပြီး သုံးစွဲသူများ အတွက် စီးပွာရေးတွက်ခြေမကိုက်ဘဲ ဆုံးရှုံးနစ်နာမှုများဖြစ်နိုင်သဖြင့် မြေသြဇာကော်မတီတွင် မှတ်ပုံတင် သော မြေသြဇာများ ကို ၀ယ်ယူသုံးစွဲသင့်သည်ဟုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ ဆိုသည်။

မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “မှတ်ပုံမတင်ထားတဲ့ အရည်အသွေး က ဘာမှန်း မသိဘူး။ မြန်မာလို လမ်းညွှန်မပါတဲ့အတွက် ဒါကို သုံးစွဲရင် လယ်သမားတွေအတွက် အများကြီး နစ်နာတယ်။ တရုတ်၊ ထိုင်း၊ အိန်္ဒိယ နယ်စပ်ဘက်တွေက ၀င်တာများတယ်။ တခြားနိုင်ငံမှာ ရောင်းမရလို့ မြန်မာနိုင်ငံကို တင်သွင််းလာတာ။ ဒါတွေကိုသုံးစွဲမယ်ဆိုရင် ကိုင်တွယ်သူတွေမှာအန္တရာယ် ရှိတယ်။ အသင်း ကနေပြီ လယ်သမားတွေကို သင်တန်းပေး တာတွေရှိတယ်။ လယ်သမားတွေ အသိ ပညာ အားနည်းနေတာ တွေ့ရတယ်”ဟု ပြောသည်။

အရည်အသွေးပြည့်မီခြင်း မရှိသည့် ဓာတ်မြေသြဇာများကို သြဂုတ်လအတွင်းကလည်း ထုတ်ပြန်ခဲ့ပြီး တံဆိပ် ၂၂မျိုး ပါ၀င်သည်။