၀န်ကြီး၊ ဒု-၀န်ကြီးများ ၁၇ ဦး အပြောင်းအလဲပြုလုပ်၊ နှစ်ဦး နှုတ်ထွက်

၀န်ကြီး၊ ဒု-၀န်ကြီးများ ၁၇ ဦး အပြောင်းအလဲပြုလုပ်၊ နှစ်ဦး နှုတ်ထွက်
by -
မဇ္ဈိမ

ဦးသိန်းစိန်အစိုးရ တက်လာအပြီး နှစ်နှစ်ခွဲကာလတွင် အစိုးရအဖွဲ့တွင်း အကြီးမားဆုံး ပြောင်းလဲမှုအဖြစ် ၀န်ကြီး၊ ဒု-၀န်ကြီး ရာထူးများအတွက် ၁၇ ဦးကို ပြောင်းရွှေ့ရာထူးတိုးမှုများ ဇူလိုင်လ ၂၅ ရက်က ပြုလုပ်ပြီး နိုင်ငံပိုင် မီဒီယာများမှတဆင့် ကြေညာခဲ့သည်။

၀န်ကြီးလေးဦးကို ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ပြီး ပညာရေးဒု-၀န်ကြီး ဦးအေးကြူနှင့် ရထားပို့ဆောင်ရေး ဒု-၀န်ကြီး သူရဦးသောင်းလွင်တို့မှာ ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

ပြောင်းလဲမှုအပေါ်အမြင်များ

ဦးဝင်းတင် (NLD နာယက)

ကျွန်တော် မြင်တာကတော့ ၀န်ကြီးဌာနတွေ အပြောင်းအလဲတွေတော့ လုပ်သင့်ပြီ။ လုပ်ရမယ့်ဟာလို့ ကျွန်တော် ယူဆတယ်။ ဘာလို့လဲဆိုတော့ ဒီအစိုးရက အစိုးရအနေနဲ့ လုပ်လာတာလဲ နှစ်နှစ်ခွဲလောက် ရှိသွားပြီဆိုတော့ အဲဒီ့အတောအတွင်းမှာ အရေးကြီးတဲ့ ပြဿနာတွေ ကြံုခဲ့တယ်။ အဲဒီ့လူတွေမှာ သူတို့ နဲ့ပတ်သက်တဲ့ မှတ်ချက်ပေးစရာ မရှိပေမယ့်လို့ ဒီဝန်ကြီးအပြောင်းအလဲတွေဟာ နိုင်ငံရဲ့လို အပ်တဲ့ ပြည် သူအတွက် လိုအပ်တဲ့ အခြေအနေမှာ လုပ်သင့်ပြီလို့ ပြောစရာတောင် မလိုဘူး။ ပြည်သူ့ဘက်ကလည်း မသင့်တော်တဲ့ဟာတွေ ချို့ယွင်းတဲ့ဟာတွေ အနေအထားတွေ သိကြမယ်လို့ ထင်ပါတယ်။ ကျွန်တော် ကတော့ ရိုးရိုးတန်းတန်း လုပ်ငန်းသဘောအရ ပြောင်းတာရွှေ့တာဆိုရင်တော့ တစ်မျိုးပေါ့။ ချို့ယွင်း ချက်ရှိတယ်ဆိုရင်တော့ စွမ်းဆောင်ရည် ချို့ယွင်းချက်တွေလား၊ အကျင့်
စာရိတ္တနဲ့ ပတ်သက်တဲ့ ချို့ယွင်း ချက်တွေလား။ အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့ ချို့ယွင်းချက်တွေဆိုရင်တော့ တိုင်းပြည်ကို အသိပေးသင့်တယ်လို့ မြင်ပါတယ်။

ဦးစိုင်းညွန့်လွင် (SNLD အတွင်းရေးမှူး)

ကျွန်တော်ထင်တယ် မူဝါဒတွေတော့ မပြောင်းဘူးထင်တယ်။ ဒုဝန်ကြီးတွေဆိုတာ ဒီအစိုးရခေတ်မှာ ၀န်ကြီးဌာနနဲ့ဆိုင်တဲ့ Technician တွေထားတာဗျ။ အရင် အစိုးရနဲ့ မတူဘူး။ ကျွန်တော် အဲဒီလိုပဲမြင်တယ်။ သူ့နေရာနဲ့သူ ပြန်မှ ကျပါ့မလားတော့ စိုးရိမ်တယ်။