တွံတေးတွင်အမျိုးသမီးကြီးတစ်ဦး ခေါင်းဖြတ်သတ်ခံရ

တွံတေးတွင်အမျိုးသမီးကြီးတစ်ဦး ခေါင်းဖြတ်သတ်ခံရ
by -
မဇ္ဈိမ

အမျိုးသမီးကြီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှုတစ်ခု ဇူလိုင် ၁၅ ရက်က တွံတေးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်သည်။

သေဆုံးသူမှာ တွံတေးမြို့နယ်အတွင်းရှိ ကြည်တန်းကျေးရွာတွင်နေထိုင်သော အသက် ၅၇ နှစ်အရွယ် ဒေါ်စိန်သန်းဖြစ်ကြောင်း ရဲဌာန က အတည်ပြုထားသည်။

သူမသည်ကွမ်းခြံထဲတွင် ခေါင်းပြတ်လျှက်သေဆုံးနေသည်ကို အိမ်နီးချင်းအမျိုးသမီးက တွေ့ရှိခဲ့ရကြောင်း
သေသူ၏ခင်ပွန်းသည်က ရဲများကို ထွက်ဆိုထားသည်။

အခင်းဖြစ်ပွားသည်မှာ မွန်းလွဲ ၂ နာရီခန့်ဖြစ်ပြီး သေဆုံးသူသည် အိမ်နှင့် ကိုက် ၁၀၀ ခန့်သာကွာဝေးသည့် ကွမ်းခြံထဲသို့ ဆင်းသွားခဲ့သည်ကို သေသူ၏ သားဖြစ်သည့် ဦးပဥ္ဇင်း ဦးဇာနေရကိုယ်တိုင်မြင်တွေ့ခဲ့ရကြောင်းလည်း ရဲဌာန၏ မှတ်တမ်းတွင် တွေ့ရသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး လူသတ်တရားခံအဖြစ် သံသယရှိသူတစ်ဦး တစ်ယောက်ကိုမျှ မထုတ်ပြန်သေးဘဲ ရဲများက လိုက်လံစုံစမ်းဆဲသာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါအမှုကို သေသူ၏ခင်ပွန်းသည် ဦးကြီးမောင်က တရားလိုပြုလုပ် တိုင်တန်းထားပြီး ခလောက်ချိုက် နယ်မြေရဲစခန်းက အမှုအမှတ်(ပ) ၆၃/၁၃ ဖြင့် အမှုဖွင့်ထားပြီး သံသယရှိသူကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာဥပ ဒေပုဒ်မ ၃၀၂ လူသတ်မှုဖြင့် တရားစွဲမည် ဟု ရဲဌာနက ထုတ်ပြန်သည်။

Most read this week