အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်ခတ်ရပ်စဲထားခြင်းကို လေ့လာစောင့်ကြည့်မည် ့ ကော်မတီဖွဲ့ရေးအတွက် မွန်ပြည်နယ် အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံ ဆွေးမည်ဟု အဆိုပါကော်မတီ ဖြစ်မြောက်ရေးအဖွဲ့ထံမှ စုံစမ်းရရှိသည်။
အပစ်ရပ်စောင့်ကြည့်ရေးကော်မတီဖြစ်မြောက်ရန်ဖွဲ့စည်းထားသည့်အဖွဲ့သည့် ပြည်နယ်အစိုးရဖက်နှင့် ယခုလ ဒုတိယပတ်အတွင်းက တစ်ကြိမ်တွေ့ဆုံပြီးပြီ ဖြစ်ပြီး မွန်ပြည်သစ်ပါတီဘက်နှင့်လည်း တွေ့ဆုံရန် ခွင့်တောင်းထားသည်ဟု ယင်းအဖွဲ့မှ နိုင်မင်းအောင်ထူးက ဆိုသည်။
အပစ်ခတ်ရပ်စဲခြင်း စောင့်ကြည့်လေ့လာရေးကော်မတီဖွဲ့စည်းခြင်းသည် နှစ်ဦး နှစ်ဖက်စလုံး၏ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသည့် စိတ်စေတနာကို သက်သေပြနိုင်ရန် ကူညီပံ့ပိုးပေးနိုင်သည့် အကောင်ဆုံးသော နည်းဖြစ်ကြောင်းလည်း အဆိုပါ ကော်မတီအကောင်အထည်ပေါ်ရေးအဖွဲ့က မှတ်ချက်ပြုသည်။
ယင်းအဖွဲ့သည် ဇွန်လ ပထမအပတ်တွင်လည်း အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ဦးဆောင်ပြုလုပ်ခဲ့ပြီး လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။