မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ရှိ ဇီးတောအုပ်စု မကျည်းပွင့်ကျေးရွာတွင် ကိုယ်ဝန်ဆောင် တစ်ဦး ဆွဲကြိုးချသေဆုံးမှု ဇွန် ၂ ရက် နံနက်က ဖြစ်ပွားခဲ့ေ ကြာင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းက သတင်းထုတ်ပြန်သည်။
သေဆုံးသူမှာ အသက် ၃၅ နှစ်အရွယ် မမိုးမိုးဆွေ (ခ) မပိန်ပိန်ဖြစ်ပြီး သူသည် နေအိမ်နှင့်ကပ်လျှက် မကျည်းပင် တွင် ပလတ်စ တစ်ကြိုးဖြင့် ဆွဲကြိုးချခဲ့ခြင်းဖြစ်ပြီး ၎င်းလွယ်ထားသည့် ကိုယ်ဝန်သည် ရှစ်လခန့် ရှိပြီဖြစ်ကာ ဝမ်းထဲမှ ကလေးငယ်ပါ မိခင်နှင့် အတူ သေဆုံးသွားခဲ့သည်ဟု ရဲစခန်းက အတည်ပြုထားသည်။
သေဆုံးသူနှင့် တစ်အိမ်တည်းနေသည့် အမအရင်း ဒေါ်မြင့်စိန်က သူ့ညီမသည် မိသားစုစားဝတ်နေရေး မပြေလည် သဖြင့် စိတ်ညစ်ပြီး ဆွဲကြိုးချ သေဆုံးခြင်းဖြစ်နိုင်သည်ဟု ရဲများကို ထွက်ဆိုထားသည်။
အလောင်းကို စစ်ဆေးရာတွင် ဆွဲကြိုးချ ထားသဖြင့် ကြိုးဒဏ်ကြောင့် ပွန်းပဲ့နေသည့် ဒဏ်ရာများမှလွဲ၍ ပြင်ပ ဒဏ်ရာမတွေ့ရကြောင်းလည်း ရဲစခန်းက ထုတ်ပြန်သည်။
သို့သော် ယခုကိစ္စသည် မိမိကိုယ်ကို အဆုံးစီရင်မှုဟုတ်၊ မဟုတ် သေချာစေရန် အလောင်းကို ဆေးရုံ၌ စစ်ဆေးလျက်ရှိပြီး ယခုကိစ္စကို တောင်တွင်းကြီးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး တင်မောင်ဆွေ တာဝန်ယူ ကိုင်တွယ်လျက်ရှိသည်ဟုလည်း ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အမှုကိုလည်း သေမှုသေခင်း အမှတ် စဉ် ၉/၂ဝ၁၃ဖြင့် ဖွင့်လှစ်ထားပြီး ရဲလုပ်ငန်း စဉ်အတိုင်း ဆက်လက်စုံစမ်း စစ်ဆေးနေသည်ဟု ရဲများက ဆိုသည်။