မျိုးစောင့် ဥပဒေ သဘောမတူခြင်းသည် လူ့အခွင့်ရေးကော်မရှင် အတွင်းရေးမှူး၏ သဘောသာဖြစ်

မျိုးစောင့် ဥပဒေ သဘောမတူခြင်းသည် လူ့အခွင့်ရေးကော်မရှင် အတွင်းရေးမှူး၏ သဘောသာဖြစ်
by -
မဇ္ဈိမ

မျိုးစောင့်ဥပဒေကြမ်းတွင် ပါရှိသည့် အချက်အချို့ကို သဘောမတူကြောင်း အမျိုးသား လူ့အခွင့်ရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်၏ပြော ဆိုမှုသည် ကော်မရှင်ကို ကိုယ်စားပြု ပြောဆိုခြင်းမဟုတ်ဘဲ ၎င်းတစ်ဦးတည်း ၏ သဘောထားသာဖြစ်ကြောင်း ဦးစစ်မြိုင်က မဇ္ဈိမကိုပြောသည်။

မျိုးစောင့်ဥပဒေဟုခေါ်ဆိုသည့် မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်းတွင်ပါသော ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအား လက်ထပ်မည့် အမျိုးသားသည် လူမျိုးခြားဖြစ်ပါက ဗုဒ္ဓဘာသာအင်အဖြစ် ကူးပြောင်း ပြီးမှသာ လက်ထပ်ရမည်ဖြစ်ဆိုသော အချက်အား သဘောမတူကြောင်း ဦးစစ်မြိုင်က ဇွန်လ ၂၅ ရက်တွင် မဇ္ဈိမ ကိုပြောကြားထားခဲ့မှုကို ပြန်လည်ရှင်းလင်း လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် အမျိုးဘာသာသာသနာအား စောင့်ရှောက်ခြင်းသည် နိုင်ငံသားများ၏ ထိန်းသိမ်းရမည့် တာဝန်သာ ဖြစ်ပြီး လူမျိုးခြား၊ ဘာသာခြားအား လက်ထပ်ခြင်း၊ ကိုးကွယ်ခြင်းသည် ပြည်သူများ၏ ခံယူချက်သာဖြစ်
ကြောင်းနှင့် ထိုဥပဒေကြမ်းသည် လူပုဂ္ဂိုလ်များ၏ အရေးသာဖြစ်၍ သံဃာများအနေဖြင့် ရေးဆွဲခြင်းထက် လူပုဂ္ဂိုလ်များက ရေးဆွဲခြင်းက ပိုမိုသင့်လျော်သည်ဟုလည်း ပြောကြားခဲ့သည်။

Most read this week