ရုပ်ရှင်၊ ဂီတနှင့် သဘင်ပညာရှင်များစွာ ပါဝင်သော ရန်ပုံငွေဖျော်ဖြေပွဲ ကျင်းပမည်

ရုပ်ရှင်၊ ဂီတနှင့် သဘင်ပညာရှင်များစွာ ပါဝင်သော ရန်ပုံငွေဖျော်ဖြေပွဲ ကျင်းပမည်
by -
မဇ္စျိမ

ရုပ်ရှင်၊ ဂီတနှင့် သဘင်ပညာရှင်များစွာ ပါဝင်မည့် ရန်ပုံငွေဖျော်ဖြေပွဲကို စက်တင်ဘာလကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်လျက်ရှိကြောင်း ပွဲစီစဉ်သူ ဦးခိုင်ဇော် က မဇ္ဈိမသို့ ပြောကြားသည်။

အဆိုပါ ဖျော်ဖြေပွဲသည် မြန်မာ-ဥရောပ ဗုဒ္ဓသာသနာပြန့်ပွားရေးနှင့် ယဉ်ကျေးမှုထွန်း ကားရေးအသင်းကြီး၏ ပထမဆုံးရန်ပုံငွေ ရှာဖွေပွဲဖြစ်ပြီး ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ တွင် ကျင်းပမည်ဖြစ်သည်။

''သဘင်ဘက်က ဦးချမ်းသာ၊ ဦးမိုး မင်းတို့ကလည်း သဘင်ပညာနဲ့ အလှူ ဒါနပြုလုပ်ပေးသွားမှာပါ။ ဂီတနဲ့ ရုပ်ရှင်ဘက်က အနုပညာရှင်တွေကလည်း ပါဝင် ကူညီကြမှာပါ။ ဒီပွဲကရရှိတဲ့ ရန်ပုံငွေတွေ ကို မြန်မာနိုင်ငံနဲ့ ဥရောပနိုင်ငံအသီးသီး မှာ စစ်မှန်တဲ့ဗုဒ္ဓသာသနာ ပြန့်ပွားအောင် လုပ်ဆောင်သွားမှာပါ။ ဝင်ကြေးသတ် မှတ်ပြီး ဖျော်ဖြေမှာဖြစ်တဲ့အတွက် အဲဒီ ဝင်ကြေးတွေကတော့ အလှူတွေပါပဲ။ အခုလုပ်တဲ့ပွဲကလည်း ကျွန်တော်တို့အနေ နဲ့က ပထမဆုံးအကြိမ်ကျင်းပတဲ့ပွဲပါ''ဟု ယခုဖျော်ဖြေပွဲအား စီစဉ်သူ ဦးခိုင်ဇော် က ဆိုလိုက်သည်။

ယင်းအသင်းတွင် ဒေါ်အောင်ဆန်း စုကြည်သည် နာယကအဖွဲ့ဝင်တစ်ဦး အဖြစ် ပါဝင်ထားပြီး ယခု ရရှိသော ရန်ပုံငွေ များကို အင်္ဂလန်နိုင်ငံရှိ မြန်မာ-ဥရောပ ထေရဝါဒဗုဒ္ဓသာသနာစင်တာ တည် ဆောက်ရေးတွင် အသုံးပြုသွားမည် ဖြစ်သည်။

Most read this week