မီးအာမခံထားရှိမှု နှစ်နှစ်အတွင်း ပိုများလာ

မီးအာမခံထားရှိမှု နှစ်နှစ်အတွင်း ပိုများလာ
by -
မဇ္စျိမ

ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်မှုများလာ ပြီးနောက်ပိုင်း မီးအာမခံထားရှိမှုလည်း မြင့်တက်လာသည်ဟု မြန်မာ့ အာမခံလုပ်ငန်းမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

မီးအာမခံထားရှိမှု မြင့်တက်လာခြင်း မှာ ဘဏ်များမှ ချေးငွေယူလိုသူများသည် မိမိပိုင် အဆောက်အအုံများကို အာမခံ ထားရှိပြီးမှ ချေးငွေရရှိသောကြောင့် အာ မခံထားမှု မြင့်တက်လာခြင်းဟုပြောသည်။

''ပုဂ္ဂလိကဘဏ် ပေါ်လာကတည်းက မြန်မာနိုင်ငံ စီးပွားရေး ပြောင်းလဲလာသ လို ငွေချေးသူများလာပြီး အာမခံထားသူ လည်း များလာတယ်။ အာမခံထားသူတွေ က အာမခံဘက်က လက်မှတ်ရပြီးရင် ဘဏ်ဘက်ကငွေချေးလို့ရမယ်ဆိုပြီး ထား ကြတယ်။ တချို့နားလည်သူက မသမာမှု အာမခံပါထားကြတယ်'' ဟု ဆိုသည်။

မီးအာမခံထားရှိရာတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ တောင်ကြီး၊ မြင်းခြံ၊ မိတ္ထီလာတို့က အများဆုံးထားရှိပြီး ၂ဝ၁၂ ခုနှစ်တွင် မီးအာမခံထားရှိမှု ဝင်ငွေကျပ် သန်းနှစ်သောင်းကျော်ရရှိခဲ့ပြီး လျော်ကြေး ငွေ ကျပ်သန်းပေါင်း ၁၆ဝဝ ကျော် ပေး လျော်ခဲ့ရသည်ဟု မြန်မာ့အာမခံလုပ်ငန်း စာရင်းများတွင် ဖော်ပြသည်။

မိတ္ထီလာမြို့တွင် ယခုနှစ် မတ်လအ တွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မီး အာမခံလျော်ကြေးပေး ခဲ့ရသူ ရှစ်ဦး ရှိခဲ့ပြီး ကျပ်သိန်းပေါင်း ရ၁၆ သိန်းကျော်ကို မြန်မာ့အာမခံလုပ်ငန်းက ဇွန်လ ၂ဝ ရက်တွင်
လျော်ကြေးပေးအပ်ခဲ့သည်။

မီးအာမခံနှင့်အတူ တွဲဖက်ထားရသော အခြားအာမခံ အမျိုးအစားများဖြစ်သည့် ငလျင်အာမခံ၊ မုန်တိုင်း အာမခံ၊ သဘာဝ ဘေးအန္တရာယ် အာမခံများကိုလည်း ထားရှိမှုများလာသည်။