မြိတ်ခရိုင် စိုက်ပျိုးစရိတ် ကျပ်သိန်းပေါင်း သုံးသောင်းကျော် ထုတ်ချေးမည်

မြိတ်ခရိုင် စိုက်ပျိုးစရိတ် ကျပ်သိန်းပေါင်း သုံးသောင်းကျော် ထုတ်ချေးမည်
by -
မဇ္စျိမ

မိုးစပါးစိုက် တောင်သူများအတွက် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ််၊ မြိတ်ခရိုင် ဘဏ်ခွဲမှ တနင်္သာရီတိုင်းရှိ
ခြောက်မြို့နယ်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း သုံးသောင်းကျော် ထုတ်ချေး သွားမည်ဖြစ်ကြောင်း ထားဝယ် စောင့်ကြည့်ရေးအဖွဲ့မှတဆင့် သိရသည်။

မြိတ်ခရိုင်ဘဏ်ခွဲအနေဖြင့် ယနှစ် စိုက်ပျိုးရာသီတွင် မြိတ်မြို့နယ်ကို ကျပ် ၂၀,၁၃၅ သိန်း၊ ကျွန်းစုမြို့နယ်ကို ကျပ် ၄,၂၈၅ သိန်း၊ တနင်္သာရီမြို့နယ်ကို ၆,၄၇၅ သိန်း၊ ကော့သောင်းနှင့် ခမောက်ကြီးမြို့နယ်ခွဲကို ၅၃၄ သိန်းနှင့် ဘုတ်ပြင်းမြို့နယ်ကို ကျပ် ရ၉၂ သိန်း စုစုပေါင်း ချေးငွေကျပ် ၃၂,၂၂၁ သိန်း ထုတ်ချေးသွားမည်ဟု ဘဏ်မန်နေဂျာ ဦးရွှေဟို က ဆိုသည်။

ယခင်နှစ်က ၁ ဧကလျှင် ကျပ် ရှစ်သောင်း နှုန်းဖြင့် ထုတ်ချေးခဲ့ပြီ ယခုနှစ်တွင် ၁ ဧက ကျပ် တသိန်းနှုန်းဖြင့် ထုတ်ချေးမည် ဖြစ်သည်။

“ချေးငွေ တသိန်းက စိုက်ပျိုးစရိတ် အားလုံးကိုတော့ မကာမိပါဘူး။ အရင်နှစ်ကထက် ပိုပေးတာဆိုတော့ (စရိတ်)တဝက်လောက်တော့ ရတယ်” ဟု မြိတ်မြို့နယ်၊ တုံးဗျောငယ် ကျေးရွာမှ လယ် ၉ ဧက ပိုင်သည့် ဦးအေးကြင် က ပြောသည်။

ချေးငွေများကို သီးနှံပေါ်ချိန် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ပြန်ဆပ်ရမည်ဖြစ်ပြီး အတိုးနှုန်းမှာ တသိန်းကို တလ ရ၁၀ ကျပ် ဖြစ်သည်။

၂၀၁၁ ခုနှစ်က ၁ ဧကလျှင် ကျပ် ငါးသောင်း ချေးခဲ့သည်။