ပဋိပက္ခအတွက် ကြိုးကိုင်နေသူများကို ဖော်ထုတ်ပေးရန် တောင်းဆို

ပဋိပက္ခအတွက် ကြိုးကိုင်နေသူများကို ဖော်ထုတ်ပေးရန် တောင်းဆို
by -
မဇ္စျိမ

ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုများတွင် နောက်ကွယ်မှ ကြိုးကိုင်နေသူများ ရှိသည်ဟုသတင်းများထွက်ပေါ်နေသည့်အပေါ် ဖော်ထုတ်ပေးရန် လိုအပ်သည်ဟု ငြိမ်းချမ်းမှု တည်ဆောက်ရေး အဖွဲ့၏ မူဝါဒရေးဆွဲရေးကော်မတီဝင် ကိုထွန်းကြည်က ပြောသည်။

"စစ်အာဏာရှင်စနစ်က သွေးထိုးလှုံ့ဆော်လာတာကြောင့် တရားဥပဒေစိုးမိုးရေး အမြန်ဆုံးဖြစ်ထွန်းပေါ် ပေါက်လာအောင် အစိုးရအဖွဲ့ လွှတ်တော်အသီးသီးမှာ တာဝန်ရှိ တယ်။ ဘာသာအသီးသီးက အမြန်ဆုံး ကာကွယ်တားဆီးဖို့ ဥပဒေတစ်ရပ်လိုတယ်။ လိုလားသူတွေရှိလို့ ဖြစ်နေတာ၊ မလိုလားရင် မဖြစ်ဘူး" ဟု ဆိုသည်။

အစိုးရအဖွဲ့နှင့် လွှတ်တော် အသီးသီးသို့ အကြမ်းဖျဉ်းအားဖြင့် တရားဥပဒေစိုးမိုးရေး အားကောင်းမောင်းသန်ဖြစ် စေရန် တောင်းဆိုချက်များ၊ လက်မှတ်ရေးထိုး လှုပ်ရှားမှုများ၊ အိတ်ဖွင့်ပေးစာများပေး ပို့သွားမည်ဖြစ်သည်ဟုလည်း ပြောသည်။

ငြိမ်းချမ်းမှု တည်ဆောက်ရေးအဖွဲ့ကို ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ၊ တရားလွှတ်တော် ရှေ့နေများ၊ စီးပွားရေး ပညာရှင်များ၊ စာရေးဆရာများ၊ သမိုင်းပညာရှင်များ၊ အလွှာအသီးသီးမှ ငြိမ်းချမ်းရေးနှင့် အမှန်တရား လိုလားသူများ ပါဝင်သည်။

Most read this week