မြန်မာ့လေကြောင်း လေယာဉ်တစင်း မော်လမြိုင်-ကော့သောင်း ခရီးစဉ်အတွင်း ကော့သောင်းမြို့သို့ ဆင်းသက်ရာ တွင် လေယာဉ်ဘီးပေါက်ပြီး လမ်းချော်မှုတခု ဇွန်လ ၁၀ ရက် နေ့လယ်ကဖြစ်ပွားခဲ့ သည်။
လေယာဉ်ဘီးပေါက်ပြီး ပြေးလမ်းပေါ်တွင် လမ်းချော်မှုဖြစ်ပွားကာ လေယာဉ်သည် ပြေးလမ်းဘေးသို့ တိမ်းစောင်း သွားသည်မှလွဲပြီး တစုံတရာ ထိခိုက်မှုမရှိဟု ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူ ကော့သောင်းမြို့ခံ ကိုမင်းလွင် က ပြောသည်။
“လေယာဉ် ဘီးပေါက်တာပါ။ ဘေးဘက်ချော် ကျသွားတာ။ ထိခိုက်မှုမရှိဘူး။ လေယာဉ်လည်း ထိခိုက်မှုမရှိ ပါဘူး။ ဘီးကို ဘရိတ်နင်းလို့ရမလို့ နောက်ဆုံးရပ်လိုက်တာ။ အဲလောက်ပဲရှိပါတယ်” ဟု မဇ္စျိမကို ပြောသည်။
လေယာဉ်ပါ ခရီးသည်များ လေယာဉ်ဝန်ထမ်းများ ထိခိုက်မှုမရှိဟု ဆိုသည်။
အဆိုပါ မြန်မာ့လေကြောင်းသည် ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်-ကော့သောင်း သို့ ပြေးဆွဲသည့် ခရီးသည်တင်လေယာဉ်လိုင်း ဖြစ်သည်။
ထိုအဖြစ်အပျက်ကြောင့် ကော့သောင်း-ရန်ကုန် လေယာဉ် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရသည်ဟု ရန်ကုန်သို့ သွားမည့် ခရီးသည် တဦးက ပြောသည်။