ရခိုင်ပြည်နယ်အတွင်းတိုက်ခတ်နိုင်သည် မဟာဆန် မုန်တိုင်းအန္တရယ်ရှိ ဒေသများတွင် ဘေးလွတ်ရာသို့ ပြောင်းရွေ့ရန် စီစဉ်ရာတွင် ဒေသခံ အာဏာပိုင်များနှင့် အစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသည့် ဒေသခံများကို အရေးယူသွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မေလ ၁၅ ရက်နေ့တွင် ပြောကြား လိုက်သည်။
“မြေနိမ့်ပိုင်းမှာရှိတဲ့ တစ်ချို့တွေက ကိုယ့်အိမ်ကိုယ့်ရွာကို မစွန့်လွတ်ပဲနဲ့ ဒီအတိုင်းပဲ ဆက်နေကြတာရှိပါတယ်။ အဲတော့ သူတို့သေသွားတာကို ကျွန်တော်တို့ မကြည့်ရက်ပါဘူး။ အဲတော့ ဥပဒေအရပဲ ကျွန်တော်တို ့ပြောင်းရွွှေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ညွှန်ကြားလို့မှ လိုက်မလုပ်ဘူးဆိုလို့ရှိရင် ပြစ်ဒဏ်တွေရှိပါတယ်။ မပြောင်းရင်တော့ ဒီဥပဒေအရပဲ အရေးယူသွားမယ်။”ပာု ဦးအောင်မင်းက ပြောသည်။
ရန်ကုန်မြို့ ငြိမ်းချမ်းရေးဂေဟာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်မင်းက ပြောသွားခြင်းဖြစ်သည်။ အရေး ယူနိုင်သည့် ဥပဒေမှာ "သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ" ဟု ဦးအောင်မင်းက ပြောကြားသွားပြီး ထိုဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်သည်ဟုလည်းဆိုသည်။
သို့သော် လွှတ်တော်မှ အတည်ပြုခြင်းမရှိသေးသည့် ဥပဒေတစ်ရပ်ဖြင့် အရေးယူမည်ဆိုခြင်းကြောင့် အရေးယူ၍မရနိုင်ဟု ဥပဒေပညာရှင်များက သုံးသပ်ပြောဆိုသည်။
"ဒီဟာကို ဥပဒေလို့ ပြောလို့မရဘူး။ လွတ်တော်က အတည်မပြုရသေးပဲနဲ့ ဥပဒေဆိုတာ မထွက်နိုင်ဘူး။ အရေးပေါ်အခြေအနေအရလည်း ထုတ်ပြန်လို့မရဘူး။ သမ္မတ အမိန့်နဲ့လည်းထုတ်ပြန်လို့မရဘူး။ နည်း ဥပဒေဆိုတာကလည်း ဥပဒေထွက်ပြီးမှ ရေးဆွဲလို့ရတာ။ ဒါကြောင့်မဖြစ်နိုင်ဘူး။" ဟု တရားရုံးချုပ်
ရှေ့နေတစ်ဦးဖြစ်သူ ဦးအေးနိုင်က ပြောသည်။
လွှတ်တော်သို့ ပေးပို့ထားသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် စီမံထားရှိမည့် အဆောက်အဦး သို့မဟုတ် သီးသန့်နေရာဒေသသို့ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ကျရောက်မည့် နယ်မြေနှင့် အနီးအနားလွင်ပြင်သို့ဖြစ်စေ၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ခြင်း၊ သို့ ယင်းအဆောက်အဦးနှင့် နေရာဒေသတို့မှ ထွက်ခွာ သွားရန်တို့ ပါဝင်သည်ဟုလည်း ဦးအောင်မင်းက ပြောသွားသည်။
မုန်တိုင်း ဝင်ရောက်ရန် နီးကပ်လာချိန်တွင် သမ္မတ ဦးသိန်းစိန်မှ အမျိုးသား သဘာဝဘေးအန္တရယ် ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကို မေလ ၁၄ ရက်နေ့တွင် ဒုသမ္မတ ၂ အပါအဝင် ပြည်ထဲရေး၊ ကာကွယ်ရေး၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးတို့ ပါဝင်သော စုစုပေါင်း အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။
အဆိုပါကော်မတီသည် စီမံခန့်ခွဲမှုများ ပြုလုပ်ရာတွင် အခက်အခဲမရှိစေရန်၊ ကယ်ဆယ်ရေးပစ္စည်းများ အလွဲသုံးစားမှုပြုခြင်းမရှိရန်၊ ရပ်ရွာအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။
မုန်တိုင်းကြောင့် ရွှေ ့ပြောင်း ရသော နေရာမှ ရွှေ ့ပြောင်းသူများသည် မုန်တိုင်းပြီးသွားသည့်အခါ မိမိနေရာ သို ့ ပြန်လှည်ရရှိမည် ပာု ကတိပေးထားကြောင်းလည်း ဦးအောင်မင်းက ကတိပေးသွားသည်။ သို့သော်ပြည်ပ မှ ဒုက္ခသည်များ ၀င်ရောက်ကာ ဒုက္ခသည် အဖြစ်ထပ်မံ ခိုလှုံပါက လဝက ဥပဒေ အရ အရေးယူမည်ဖြစ်ပြီး လာရာလမ်းအတိုင်း ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ဦးအောင်မင်းက ဆက်လက်ဆိုသည်။
မပာာစင် မုန်တိုင်းကြောင့် ကုန်းပေါ်တွင် လေတို်က်နှုန်း တစ်နာရီ မိုင် ၈၀ မှ မိုင် ၁၀၀နှုန်းထိ ရှိသောလေ သည် မုန်တိုင်းဒီရေ ၃ ပေမှ ၅ ပေခန့်ထိသာတက်နိုင်ကြောင်းအကယ်၍ အမုန်တို်င်းအဝင်မှာ အပြောင်းအလဲ ပါက လေတို်က်နှုန်းသည် ရုတ်တရက် တစ်နာရီ မိုင်(၁၂၀)အထိ ဖြစ်သွားပါက မုန်တို်င်းဒီရေအမြင့်သည် (၁၂)ပေရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင် ကယနေ ့ ညနေ ၄ နာရီတွင် အင်တနက် စာမျက်နှာ တွင် အကြံပြု ပြောကြားထားသည်။
ယခုအခါ မုန်တိုင်းကယ်ဆယ်ရေး နှင့်ပတ်သက်ပြီး ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဦးဆောင်ကာ အမ်းမြို့မှ နေ၍ သဘာဝဘေးအန္တရာယ်အား အဆင့်ဆင့် အနီးကပ် ကိုင်တွယ်နေသည်။